ဂျပန်နိုင်ငံတွင် ပင်လယ်ရေအောက် မီးတောင်တစ်ခု ပေါက်ကွဲပြီးနောက် ကျွန်းငယ်တစ်ကျွန်းထွက်ပေါ်လာခဲ့
Pika (NSS) - နိုဝင်ဘာ ၁ဝ
ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်(၃)ပတ်ခန့်က ပင်လယ်ရေအောက်မီးတောင်တစ်ခု ပေါက်ကွဲခဲ့ပြီး ကျွန်းငယ် တစ်ကျွန်းထွက်ပေါ်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါကျွန်းငယ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ တာရှည်ခံနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင် ပညာရှင်များ က ပြောကြားခဲ့သည်။ Iwo Jima ကျွန်း၏ တောင်ဖက်ကမ်းရိုးတန်းမှ (၁)ကီလိုမီတာအကွာ တွင်ရှိသော ပင်လယ်ရေအောက်မီးတောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ(၂၁)ရက်က ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆယ်ရက်အတွင်း မီးတောင်ပြာများနှင့် ကျောက်ဆောင်များသည် ပင်လယ်ကြမ်းပြင် တွင် စုပုံကာ ပင်လယ်ရေမျက်နှာပြင်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ အစောပိုင်းတွင် ၎င်းသည် အချင်း(၁ဝဝ) မီတာထိရှိလာပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၂ဝ) ခန့်မြင့်သော ကျွန်းသစ် တစ်ကျွန်းဖြစ်လာခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၏ မီးတောင်နှင့်ပတ်သက်သည့်ဌာနခွဲမှ လေ့လာသုံးသပ်သူ Yuji Usui က ပြောကြားခဲ့သည်။
Iwo Jima ကျွန်းအနီးတွင် မီးတောင်လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာပြီး မကြာသေးမီနှစ်များအတွင်း ပင်လယ်ရေ အောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ကျွန်းသစ်တစ်ကျွန်းထွက်ပေါ်လာခြင်းမှာ သိသာထင်ရှားသောဖွံ့ဖြိုး တိုးတက်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျွမ်းကျင်ပညာရှင်များသည် အဆိုပါကျွန်းသစ်နှင့်ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာမှုများကို ဆက်လက်လုပ်ဆောင်နေ ကြောင်း ၎င်းက ပြောခဲ့သည်။ အဆိုပါကျွန်းသစ်သည် ချော်ရည် (သို့မဟုတ်) မီးတောင်ကျောက်ဆောင်များထက် ပိုမိုကြာရှည်ခံသော မီးခိုးရောင်ကျောက်ပွ(pumice) တို့ဖြင့် ဖွဲ့စည်းထားပါက သက်တမ်းပိုမိုကြာရှည်စွာ ရှိနိုင်ကြောင်း Yuji Usui က ပြောကြားခဲ့သည်။
Yuji Usui က "နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အဲဒီကျွန်းသစ်ဟာ အချိန်ကြာကြာမခံနိုင်ဖူးလို့တော့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများက စီးပွားရေးပိုင်းကို ပိုမိုဖွံ့ဖြိုးတိုးလာအောင် တွန်းအားပေးနေကြောင်း ရုရှားသမ္မတပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ