ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများက စီးပွားရေးပိုင်းကို ပိုမိုဖွံ့ဖြိုးတိုးလာအောင် တွန်းအားပေးနေကြောင်း ရုရှားသမ္မတပြော
Pika (NSS) - နိုဝင်ဘာ ၁၁
ပြောင်းလဲနေသော ကမ္ဘာ့အစီအစဉ်၏ စိန်ခေါ်မှုများရှိနေသော်လည်း ရုရှားစီးပွားရေးသည် ကောင်းမွန်စွာ ဆက်လက်လုပ်ဆောင်နေပြီး စွမ်းဆောင်ရည်အသစ်များကို ဖွံ့ဖြိုးအောင်လုပ်ဆောင်နေကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောခဲ့သည်။
ရုရှားနိုင်ငံ၏ စီးပွားရေးသည် အချုပ်အခြာအာဏာနှင့် အမှီအခိုကင်းမှုများရှိလာသောကြောင့် စီးပွားရေးဖွဲ့စည်းပုံ များလည်း ပြောင်းလဲလာခဲ့ကြောင်း ပူတင်က ဆိုခဲ့သည်။ ပူတင်က "ကျွန်တော်တို့ရဲ့စွမ်းအင်ကဏ္ဍဟာ (၃)ရာခိုင်နှုန်း တိုးလာပါတယ်။ ပြီးတော့ ထုတ်လုပ်မှုတွေဟာ စီးပွားရေးတိုးတက်မှုဖွဲ့စည်းပုံရဲ့ (၄၃)ရာခိုင်နှုန်း ရှိပါတယ်။ ရုရှားနိုင်ငံရဲ့မကြာသေးမီက သမိုင်းမှာ အဲဒီလိုမျိုးဖြစ်တာတွေ မရှိခဲ့ပါဘူး" ဟု ပြောသည်။
ထို့အပြင် ယခင်က အသားတင် စားသောက်ကုန်တင်သွင်းခဲ့သော ရုရှားနိုင်ငံသည် လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး အတွက် အဓိကတင်ပို့ရောင်းချသည့်နိုင်ငံဖြစ်လာခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။ ရုရှားနိုင်ငံသည် ၎င်း၏ ရပ်တည်ချက်ကို ဆက်လက်အားကောင်းအောင် ထိန်းသိမ်းသွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်သို့ ဂျုံတန်ချိန်သန်း(၆ဝ) ခန့် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း ပူတင်က ပြောခဲ့သည်။
ပူတင် က "လက်ရှိနိုင်ငံတကာ ကမ္ဘာ့အစီအစဉ်မှာ ပြောင်းလဲမှုတွေရှိနေပေမယ့်လည်း အပြုသဘောဆောင်တဲ့ စီးပွားရေးပြောင်းလဲမှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီစိန်ခေါ်မှုတွေဟာ ရုရှားရဲ့စီးပွားရေးကို စွမ်းဆောင်ရည်အသစ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ တွန်းအားပေးနေသလိုပါပဲ။ ကျွန်တော်တို့ အောင်မြင်မှုတွေ ရလာမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်၏ ပြည်ပကြွေးမြီးမှာ အမေရိကန်ဒေါ်လာ(၅ဝ) ထရီလီယံထိ ရှိလာနိုင်ကြောင်း BoA ကုမ္ပဏီ ခန့်မှန်းပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း