လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်၏ ပြည်ပကြွေးမြီးမှာ အမေရိကန်ဒေါ်လာ(၅ဝ) ထရီလီယံထိ ရှိလာနိုင်ကြောင်း BoA ကုမ္ပဏီ ခန့်မှန်းပြော
Pika (NSS) - နိုဝင်ဘာ ၁၁
လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်နိုင်ငံ၏ ပြည်ပကြွေးမြီးသည် နောက်ထပ် အမေရိကန်ဒေါ်လာ (၂၀)ထရီလီယံ တိုးလာနိုင်ကြောင်း လွှတ်တော်ဘတ်ဂျက်ရုံး၏ ဒေတာအချက်အလက်များကို ကိုးကာပြီး Bank of America (BoA) က ထုတ်ပြန်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အမေရိကန်၏ပြည်ပကြွေးမြီးမှာ အမေရိကန်ဒေါ်လာ(၃၃ ဒသမ ၆) ထရီလီယံရှိနေပြီး လာမည့် ဆယ်နှစ်အတွင်း တစ်နေ့လျှင်ကြွေးမြီး အမေရိကန်ဒေါ်လာ(၅ ဒသမ ၂) ဘီလျံ တိုးလာနိုင်ဖွယ်ရှိနေကာ ၂ဝ၃၃ ခုနှစ် တွင် ပြည်ပကြွေးမြီးမှာ အမေရိကန်ဒေါ်လာ(၅၄)ထရီလီယံထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
ကြွေးမြီးများ ထပ်မံတိုးမြင့်လာစေသည့် အချက်များထဲမှ တစ်ခုမှာ ဖက်ဒရယ်လိုငွေပြမှုသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ(၃၂ဝ) ဘီလျံမှ အမေရိကန်ဒေါ်လာ(၁ ဒသမ ၇) ထရီလီယံထိ တိုးမြင့်လာခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာထရီလီယံချီ တန်ဖိုးရှိသော ငွေချေးစာချုပ်အသစ်များကို ရောင်းချရန် ဖိအား ပေးခဲ့ခြင်းတို့ကြောင်း ဖြစ်ကြောင်း (BoA) ၏ ပြောကြားချက်များအရ သိရသည်။
Bank of America ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာပညာရှင် Michael Hartnett က "အမေရိကန်ရဲ့ပြည်ပကြွေးမြီးဟာ တရုတ်၊ ဂျပန်၊ ဂျာမနီ နဲ့ အိန္ဒိယတို့ရဲ့ စုစုပေါင်း GDP ထက် ပိုများပါတယ်။ ဒါပေမယ့်လည်း ချေးငွေရယူခြင်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးပြီး ငွေကြေးလည်ပတ်မှုကို အကူအညီပေးတဲ့နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ထားကြတာကြောင့် ဖက်ဒရယ်လိုငွေပြမှုတွေ ရှိနေရင်တောင် အမေရိကန်နိုင်ငံဟာ ချေးငွေရယူတာကို ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မြေပြင်တွင် ရုရှားစစ်တပ်ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း