မန္တလေး၌ ညဘက်ပေါ်တာဆွဲခြင်း နှင့် အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမှုများမရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အသိပေး
Pearl (NSS) - နိုဝင်ဘာ ၉
မန္တလေးမြို့၌ ညဘက်တွင် ပေါ်တာဆွဲခြင်း နှင့် အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းများ မရှိကြောင်း ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် မန္တလေးမြို့၌ ပေါ်တာဆွဲလူစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း လတ်တလောတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ညဘက်ပေါ်တာဆွဲလူစုဆောင်းခြင်း နှင့် အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမှုများ မရှိကြောင်း အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ချမ်းအေးသာစံမြို့နယ်၊ နယ်နိမိတ်အတွင်း အများပြည်သူတို့၏ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်မှုများမရှိကြောင်း တွေ့ရှိရသဖြင့် ညမထွက်ရ အမိန့်အား ပြန်လည်ရုတ်သိမ်းထားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချမ်းအေးသာစံမြို့ခံတစ်ဦးက "ညမထွက်ရအမိန့် ပြန်ထုတ်လိုက်တယ်ဆိုတာကို အသံချဲ့စက်နဲ့လိုက် အော်တာတွေ မရှိဘူး။ ညွှန်ကြားစာတွေ ထုတ်တာတွေလည်း မတွေ့မိဘူး။ ပုံမှန်အတိုင်းသွားလာနေကြတယ်။ အသံချဲ့စက်နဲ့ လိုက်အော်တယ်တော့ ပြောကြတယ်။ ကျွန်တော်တော့ မကြားမိဘူး။ စုံစမ်းကြည့်တော့လည်း အဲဒီလိုအမိန့်ထုတ်တာတွေ မရှိဘူး၊ မကြားဘူးလို့ ပြောကြတယ်" ဟု NSS ကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်မှ စတင်ကာ မန္တလေးတိုင်း နှင့် မကွေးတိုင်း၊ မကွေးမြို့နယ်တို့ အား ရာဇဝတ်ကျင့်ထုံးဥပဒေအရ ညမထွက်ရအမိန့်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီး နှင့် မွန်ပြည်နယ်ရှိသထုံမြို့နယ်တွင်လည်း ညမထွက်ရ အချိန် အား ပြောင်းလဲသတ်မှတ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 9 / 6:00 PM)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ