အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 9 / 6:00 PM)
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉
အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီလွှတ်တော်ကိုယ်စားလှယ်များက ပါလက်စတိုင်းကျောင်းသား၊ အလုပ်သမား များ၊ ခရီးသွားများကို အမေရိကန်နိုင်ငံအတွင်းဆက်လက်နေထိုင်ခွင့်ပေးဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပါလက်စတိုင်းတွေရဲ့ဂါဇာဒေသမှာ တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်လာနေခြင်းကြောင့် ပါလက်စတိုင်းလူမျိုး များစွာ အခက်အခဲဖြစ်နေရကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်က ၎င်းတို့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တင့်ကား ဖျက်ဒုံးကျည်အဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း၊ ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ဒရုန်းထုတ်လုပ်ရေးနေရာတွေနဲ့ လက်နက် သိုလှောင်တဲ့နေရာတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။
အမေရိကန် နဲ့ အစ္စရေးတို့ဟာ အပစ်ခတ်ရပ်စဲရေး၊ ဂါဇာဒေသကို သိမ်းပိုက်ရေး စတဲ့အချက်တွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေပေမယ့် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ အမေရိကန် ဟာ စစ်ပွဲကာလအစောပိုင်းတုန်းက အစ္စရေးရဲ့အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ကမ်းလှမ်းချက်တွေ ငြင်းဆန်ခဲ့ခြင်းကို ထောက်ခံခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အစ္စရေးကို သုံးရက်ကြာ အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ တောင်းဆိုခဲ့ပါ တယ်။
ကာတာနိုင်ငံဟာ တိုက်ခိုက်မှုတွေ ရပ်နားမယ်ဆိုရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲခံထားရသူတွေထဲမှ အနည်းဆုံး ၁၅ ဦးအထိ ပြန်လွှတ်ပေးဖို့ ကြားဝင်စေ့စပ်ပေးမယ်လို့ ဆိုထားပါတယ်။ အစ္စရေးနိုင်ငံကတော့ ဟားမက်စ်အဖွဲ့အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်မှာမဟုတ်ကြောင်း၊ ပြန်ပေးဆွဲခံထားရသူအားလုံး ပြန်လွှတ်ချိန် မှသာ အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။
ဂျူးလူမျိုး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဟင်နရီဆွီကာဟာ ဂျုးကျောင်းသားများ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး Columbia Business School ကျောင်းရဲ့စီမံခန့်ခွဲမှုတွေကို နှစ်သက်ကျေနပ်ခြင်းမရှိတဲ့အတွက် ကျောင်းဘုတ်အဖွဲ့ အဖြစ်က နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း ကျောင်း အတွင်း ပါလက်စတိုင်းလိုလားပြီး ဂျူးဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ကျောင်းအာဏာပိုင်အဖွဲ့ရဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေကို နှစ်သက်ခြင်းမရှိတဲ့အတွက် ဘုတ်အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နယ်စပ် BP (၁၂၅) စစ်ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ ထပ်တိုးရောက်ရှိလာ၍ စစ်ဘေးရှောင် (၁၅၀၀၀)ကျော်အထိရှိလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ