ကိုပင်ဟေဂင်အသင်းနှင့်ပွဲကို အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့သော်လည်း ရလဒ်များမှာ ဆန့်ကျင်ဖက်ဖြစ်ခဲ့ကြောင်း မန်ယူနည်းပြ ဝေဖန်
Pika (NSS) - နိုဝင်ဘာ ၉
ကိုပင်ဟေဂင်အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် (၄)ဂိုး-(၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အသင်း ကစားသမားများ၏ ခြေစွမ်းနှင့် ကစားနိုင်စွမ်းမှာ ကောင်းမွန်ကြောင်း မန်ယူနည်းပြတန်ဟက်က ပြောခဲ့သည်။
ထို့အပြင် အဆိုပါပွဲစဉ်၏ ရလဒ်အတွက် တာဝန်ရှိသူများကို တန်ဟက်က ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ မန်ယူအသင်းသည် အစောပိုင်းတွင် (၂)ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ကစားနိုင်ခဲ့သော်လည်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနီကဒ်ပြသခံရကာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကိုပင်ဟေဂင်အသင်းဖက်မှ (၄)ဂိုးထိ ပြန်လည် သွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မန်ယူအသင်းသည် နောက်ထပ်တစ်ဂိုးသာ ထပ်မံသွင်းယူနိုင်ခဲ့ပြီး (၄)ဂိုး-(၃)ဂိုးဖြင့် ကိုပင်ဟေဂင်အသင်း ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ကိုပင်ဟေဂင်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အသင်းကစားသမား၏ စွမ်းဆောင်ရည်များနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မိကြောင်း နည်းပြတန်ဟက်က ပြောခဲ့သည်။
တန်ဟက် က "ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ်စိတ်ပျက်မိပါတယ်။ ကစားပွဲကို ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပါတယ်။ ဒီရာသီရဲ့ အကောင်းဆုံး မိနစ်တွေပါပဲ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရရှိခဲ့သင့်ပေမယ့် အနီကတ်က အရာအားလုံးကို ပြောင်းလဲ သွားခဲ့ပါတယ်။ ကစားသမား(၁ဝ)ဦးတည်းနဲ့တောင် ကျွန်တော်တို့ အသာစီးရအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အကောင်းဆုံး ပုံစံနဲ့ကစားနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ ညဘက်ပေါ်တာဆွဲခြင်း နှင့် အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမှုများမရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အသိပေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း