လှိုင်မြို့နယ်တွင် စားအုန်းဆီဝယ်ရန် တန်းစီနေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၉
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စားအုန်းဆီဝယ်ရန် တန်းစီနေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့(နိုဝင်ဘာလ ၉ ရက်)၊ နံနက် ၇ နာရီက လှိုင်မြို့နယ်၊ ဘူတာဈေးအနီး၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးနားက ဆိုင်မှာစားအုန်းဆီရောင်းပေးတော့ တန်းစီပြီး ဆီဝယ်ဖို့စောင့်နေတုန်း တက္ကစီတစ်စီးက ကားတစ်စီးကို ကျော်တက်ရင်းနဲ့ အမျိုးသမီးတစ်ယောက်ကို ဘတ်မှန်နဲ့ချိတ်မိပြီး တိုက်မိတာပါ” ဟု ရွှေရောင်သမိုင်းလူမှုကူညီရေအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၅၀)နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးသည် ဦးခေါင်းနှင့် ခန္ဒာကိုယ်တို့၌ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးအား ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နိုဝင်ဘာလ ၆ ရက်မှ ၁၂ ရက်အထိ စားအုန်းဆီ ရည်ညွှန်းဈေးကို တစ်ပိဿာလျှင် (၄၅၆၀)ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ထိရောင်းချမှုများ ရှိနေ ခြင်းကြောင့် စားသုံးသူများက သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးသော စားသုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူနေရခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုပင်ဟေဂင်အသင်းနှင့်ပွဲကို အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့သော်လည်း ရလဒ်များမှာ ဆန့်ကျင်ဖက်ဖြစ်ခဲ့ကြောင်း မန်ယူနည်းပြ ဝေဖန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း