ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများအတွက် အစီအစဉ်များရှိကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၉
ယူကရိန်းသည် ရုရှားအပေါ်လုပ်ဆောင်နေသော ရပ်တန့်နေသည့်တန်ပြန်ထိုးစစ်ဆင်မှုကို ဆက်လက်လုပ်ဆောင် ရန်အတွက် ဗျူဟာများရှိပြီး မကြာမီအချိန်အတွင်း အောင်ပွဲများရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။
ဇီလန်စကီးသည် နိုဝင်ဘာလ(၈)ရက်တွင် အဆိုပါမှတ်ချက်ကိုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇီလန်စကီး က "ကျွန်တော်တို့မှာ အစီအစဉ်တစ်ခုရှိပါတယ်။ ကျွန်တော်တို့မှာ အလွန်ခိုင်မာတဲ့ မြို့တွေ၊ဦးတည်ရာတွေ ရှိပါတယ်။ အသေးစိတ်အချက်အလက်တွေအားလုံးကိုတော့ ကျွန်တော်မမျှဝေချင်ပါဘူး။ ဒါပေမယ့် တောင်ဖက်ပိုင်းမှာလည်း ကျွန်တော်တို့ ရှေ့ဆက်နေပြီး အရှေ့ပိုင်းမှာလည်း ရှေ့ဆက်နေတဲ့ခြေလှမ်းတွေ ရှိပါတယ်။ ခါဆွန်ဒေသမှာလည်း ကျွန်တော်တို့ ရှေ့ကိုဆက်ချီတက်နေပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေမှာ လာမယ့်နှစ်အတွက် အစီအစဉ်တွေရှိပြီး ၂ဝ၂၃ ခုနှစ်အကုန်မှာ မြေပြင်ရလဒ်တွေကို ပြသနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အောင်မြင်မှု ရမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ခက်ခဲမှုတွေတော့ ရှိပါတယ်" ဟု ပြောခဲ့သည်။ ဇီလန်စကီးသည် ပြီးခဲ့သည့် ဇွန်လက စတင်လုပ်ဆောင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများမှာ နှေးကွေးမှုများရှိနေကြောင်း ယခင်က ဝန်ခံခဲ့သည်။
ထို့အပြင် တန်ပြန်ထိုးစစ်ဆင်မှုများမှာ လျင်မြန်စွာအောင်မြင်မှုများရရှိမည်ဟု အချို့သူများက ခန့်မှန်းထားကြသော် လည်း လက်တွေ့တွင် အခက်အခဲများရှိခဲ့ကြောင်း ဇီလန်စကီးက ပြောခဲ့သည်။ ဇီလန်စကီးသည် အနောက်အုပ်စု နိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှု နှောင့်နှေးမှုများကို ပြစ်တင်ပြောဆိုခဲ့ပြီး စစ်လက်နက်ပစ္စည်းအကူအညီ များမှာ မျှော်မှန်းထားသည်ထက် ပိုမိုနည်းပါးကြောင်း ပြောခဲ့သည်။
ယူကရိန်းစစ်တပ်၏ တန်ပြန်ထိုးစစ်ဆင်မှုများသည် ရလဒ်အနည်းငယ်သာထွက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းများနှင့် တပ်ဖွဲ့ဝင် အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ယူကရိန်းတန်ပြန်ထိုးစစ်ဆင်မှုများအတွင်း တပ်ဖွဲ့ဝင်(၉) သောင်းကျော် နှင့် စစ်လက်နက်ပစ္စည်းရာချီ ဆုံးရှုံးခဲ့ရကြောင်း ရုရှားအစိုးရက ခန့်မှန်းပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်မြို့နယ်တွင် စားအုန်းဆီဝယ်ရန် တန်းစီနေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ