တောင်ကိုရီးယားနိုင်ငံရှိ စက်မှုလုပ်ငန်းတွင် အသုံးပြုသည့် စက်ရုပ်ကြောင့် အမျိုးသားတစ်ဦး သေဆုံး
Pika (NSS) - နိုဝင်ဘာ ၉
တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုတွင် အသုံးပြုသည့် စက်ရုပ်တစ်ရုပ်သည် ကုန်သေတ္တာများ နှင့် အမျိုးသား တစ်ဦးကို ခွဲခြားနိုင်ခြင်းမျိုးမရှိတော့ဘဲ သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အသက်(၄ဝ)ကျော်အရွယ်ရှိ စက်ရုပ်ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် အမျိုးသားတစ်ဦးသည် South Gyeongsang ပြည်နယ်ရှိ စိုက်ပျိုးရေးထွက်ကုန်ဖြန့်ဖြူးရေးစင်တာတစ်ခုတွင် အသုံးပြုသောစက်ရုပ်၏ အာရုံခံကိရိယာလည်ပတ် မှုများကို စစ်ဆေးနေစဉ် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငရုတ်ပွများဖြင့် ဖြည့်ထားသော သေတ္တာများကို မကာ စင်ပေါ်သို့တင်ပေးသော စက်ရုပ်သည် စက်ချို့ယွင်းသွားကာ အဆိုပါအမျိုးသားကို သေတ္တာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ယခုကဲ့သို့ လုပ်ဆောင်ခဲ့ပုံပေါ်ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်ကို ကိုးကားပြီး Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါစက်ရုပ်သည် အမျိုးသား၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပစ္စည်းများသယ်ယူသည့် ရွေ့လျားစက်ပေါ်သို့ တင်ခဲ့ ကာ ၎င်း၏ မျက်နှာ နှင့် ရင်ဘတ်တို့ကို ဖိခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါအမျိုးသားကို ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်မတ်လက အသက်(၅ဝ)ကျော်အရွယ်ရှိ တောင်ကိုရီးယားအမျိုးသားတစ်ဦးသည် မော်တော်ကားအစိတ် အပိုင်းများ ထုတ်လုပ်ရေး စက်ရုံတွင် အလုပ်လုပ်နေစဉ်အချိန်အတွင်း စက်ရုပ်လက်တစ်ခု၏ မှားယွင်းလုပ်ဆောင်မှု များကြောင့် ပြင်းထန်သောထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများအတွက် အစီအစဉ်များရှိကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ