မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသား(၂ဝဝ)ကျော် နေရပ်ပြန်နိုင်ရန်အတွက် စောင့်ဆိုင်းနေကြောင်း ထိုင်းအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၉
မြန်မာအာဏာပိုင်များဘက်မှ မီးစိမ်းပြသည်နှင့်တစ်ပြိုင်နက် ယခုသီတင်းပတ်တွင် မြန်မာနိုင်ငံတွင်ရှိနေသော ထိုင်းနိုင်ငံသား(၂ဝဝ)ကျော် နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းဒုရဲမှူးချုပ် Surachate Hakparn က ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်သည် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသော ရှမ်းပြည်နယ်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား(၁၆၂)ဦးကို ဟိုတည်တစ်ခုမှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစစ်စခန်းရှိ ဘေးကင်း လုံခြုံသောနေရာများသို့ ခေါ်ဆောင်သွားနိုင်ခဲ့ကြောင်း ဒုရဲမှူးချုပ် Surachate Hakparn က ပြောကြားခဲ့သည်။
ထို့အပြင် အွန်လိုင်းကိုအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများ၏ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ထိုင်းနိုင်ငံသား(၇၄)ဦးရှိပြီး မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ၎င်းတို့ အားလုံးကို နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်မှာ ရှုပ်ထွေးမှုများရှိနေကြောင်း Surachate Hakparn က ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံသားများဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောခဲ့ သည်။ မြန်မာအာဏာပိုင်များက ခွင့်ပြုခဲ့မည်ဆိုပါက ထိခိုက်ဒဏ်ရာများရရှိထားသော လူ(၇၄)ဦး အပါအဝင် စုစုပေါင်း ထိုင်းနိုင်ငံသား(၂ဝဝ) ကျော် ယခုသီတင်းပတ်နှောင်းပိုင်းတွင် နေရပ်ပြန်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း ၎င်းက ပြောခဲ့သည်။
ထို့အပြင် နေရပ်ပြန်ပို့ရန်အတွက် သတ်မှတ်ထားသောနေရာကို သွားရောက်ကာ ထိုင်းနိုင်ငံသားများကို ကိုယ်တိုင် ပြန်ခေါ်လာမည်ဖြစ်ကြောင်း Surachate Hakparn က ပြောခဲ့သည်။ မြန်မာအာဏာပိုင်များက ကယ်ဆယ်ထား သော ထိုင်းနိုင်ငံသားများထဲမှ အများစုမှာ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်သည့်ဂိုဏ်းများတွင် အလုပ်လုပ်ရန် အတွက် ၎င်းတို့ဆန္ဒအလျောက် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး အချို့မှာ အဆိုပါနေရာတွင် အလုပ်လုပ် ကိုင်ရန်အတွက် လူကုန်ကူးခံခဲ့ရခြင်းဖြစ်ကြောင်း Surachate Hakparn က ပြောခဲ့သည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းကိုအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများတွင် ဆန္ဒအလျောက်သွားရောက်လုပ်ကိုင်ခဲ့သူ များသည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု နှင့် လိမ်လည်မှုများတွင် ပါဝင်မှုအတွက် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါနေရာများတွင် အလုပ်လုပ်ကိုင်ရန်အတွက် လူကုန်ကူးခံခဲ့ရသူများမှာ ဥပဒေအရ သတ်မှတ်ထားသည့် လျော်ကြေးငွေများကို ရရှိမည်ဖြစ်ကြောင်း Surachate Hakparn က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်လေယာဉ်တင်သင်္ဘောကို အနီးကပ်စောင့်ကြည့်မှု များ လုပ်ဆောင်ခဲ့ကြောင်း ထိုင်ဝမ်စစ်ဖက် ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ