လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လူ(၄၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး စောင်နှင့် အနွေးထည်များ လိုအပ်နေ
စော (NSS) - နိုဝင်ဘာ ၈
လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လူ(၄၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး စောင်နှင့် အနွေး ထည်အထူများလိုအပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်မှုကြောင့် ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်)မှစ၍ ပြည်သူများအနေဖြင့် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းများတွင် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
“ဆောင်းတွင်းဆိုတော့ စောင်တွေဘာတွေလိုတယ်။ ကြက်ခြေနီကလာလှူထားပေမယ့် ပါးပါးလေးတွေပဲရှိမှာပေါ့။ စစ်ရှောင်က ကြာမယ့်သဘောရှိတယ်။ အခုက အေးလာပြီဆိုတော့ ရာသီဒဏ်ခံနိုင်အောင် စောင်ထူထူလိုတယ်။ အဝတ်အစားကတော့လိုတယ်။ ဒါပေမယ် နွေးထွေးတဲ့အဝတ်အစားလိုတာပေါ့”ဟု ရင်ငြိမ်းအေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် ရာသီဥတုအခြေအနေကြောင့် စောင်များလိုအပ်နေသည့်အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။
“သူတို့တွေက အသိဘုန်းကြီးကျောင်းတွေမှာ နေကြတာရှိတယ်။ main ကျောင်းကတော့ နှစ်ကျောင်းရှိတယ်။ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းမှာဆို အင်အားအများဆုံးပဲ လတ်တလောဆို လူ (၃)ထောင်လောက်ရှိတယ်။ နောက်ထပ်တစ်ကျောင်းက အထက်မန်အိုင်ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။ ကျန်တာကတော့ ဟိုနည်းနည်း ဒီနည်းနည်း လူ(၃၀၀)လောက်ရှိမယ်”ဟု ကမ်းလင့်လက်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို အတည်ပြုပြောကြားထားသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများကို လားရှိုးမြို့ပေါ်ရှိ မန်ဆူရှမ်းဘုန်းကြီးကျောင်း၊ အထက်မန်အိုင်ဘုန်းကြီးကျောင်း၊ ဟိုပိတ်ဘုန်ကြီးကျောင်း၊ တာပုံဘုန်းကြီးကျောင်းစသည့် ဘုန်းကြီးကျောင်းများတွင် နေထိုင်ခိုလှုံနေခွင့်ပြုထားပြီး စစ်ဘေးရှောင်ဦးရေ (၄၀၀၀)ကျော်ထက် မနည်းရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(ICC) ရဲ့တရားသူကြီးတစ်ဦးကို ရုရှားအစိုးရက အလိုရှိဆုံး တရားခံစာရင်းမှာ ထည့်သွင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ