(ICC) ရဲ့တရားသူကြီးတစ်ဦးကို ရုရှားအစိုးရက အလိုရှိဆုံး တရားခံစာရင်းမှာ ထည့်သွင်း
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
ရုရှားအစိုးရဟာ နိုင်ငံတကာရာဇာဝတ်တရားရုံး (ICC) ရဲ့ တရားသူကြီးတစ်ဦးကို အလိုရှိတဲ့တရားခံစာရင်းထဲမှာ ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။
ရုရှားအစိုးရဟာ နိုင်ငံတကာရာဇဝတ်တရားရုံးရှိ တာဝန်ရှိသူများနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေကို ကာလအတန်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရားသူကြီးဖြစ်သူ Sergio Gerardo Ugalde Godinez ဆိုသူကို အလိုရှိတဲ့တရားခံစာရင်းမှာ ထည့်သွင်းလိုက်တာမျိုးဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက (ICC) တာဝန်ရှိသူများကို ရုရှားနိုင်ငံရဲ့ရာဇဝတ်မှုကျင့်ထုံးများနဲ့အညီစုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရားသူကြီးတစ်ဦးကို အလိုရှိတဲ့တရားခံစာရင်းထဲ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ Sergio Gerardo Ugalde Godinez ဆိုသူကို ဘာကြောင့် အလိုရှိတဲ့တရားခံစာရင်းထဲ ထည့်သွင်းခဲ့သလဲဆိုတဲ့အချက်ကို အသေးစိတ်ဖော်ပြခြင်းမျိုး မရှိကြောင်း သိရပါတယ်။
အဆိုပါတရားရုံးဟာ ရုရှားသမ္မတပူတင်နဲ့အတူ ရုရှားကလေးငယ်ဆိုင်ရာအခွင့်အရေးအဖွဲ့အကြီးအကဲဖြစ်သူတို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ရုရှားအစိုးရဘက်က ပြန်လည်တုံ့ပြန်လာခြင်းမျိုးဖြစ်ပါတယ်။ရုရှားအစိုးရဟာ (ICC) ရဲ့ဖမ်းဝရမ်းထုတ်ပြန်ခြင်းမျာကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။
ရုရှားဟာ (ICC) အဖွဲ့ဝင်နိုင်ငံမဟုတ်သလို (ICC) အဖွဲ့ကိုလည်း အသိအမှတ်ပြုထားတဲ့ နိုင်ငံတစ်နိုင်ငံမဟုတ်ကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံများကြားတင်းမာမှုအရှိန်မြင့်တက်လာနေချိန်မှာ(ICC) အဖွဲ့က ရုရှားသမ္မတပူတင်ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်ဟာ အဆိုပါဖမ်းဝရမ်းကြောင့် (ICC) အဖွဲ့ဝင်နိုင်ငံများကို သွားဖို့ အခက်အခဲများ ရှိခဲ့ရဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၈ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ