နောက်တန်းကစားသမား ဂျွန်စတုန်းဒဏ်ရာရရှိခဲ့ခြင်းက မန်စီးတီးအသင်းအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာပြော
Pika (NSS) - နိုဝင်ဘာ ၈
Young Boys အသင်းကို (၃)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် နောက်တန်းကစားသမား ဂျွန်စတုန်း ဒဏ်ရာရရှိခဲ့မှုမှာ မန်စီးတီးအသင်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာ က ထုတ်ဖော်ပြောခဲ့သည်။
အသက်(၂၉)နှစ်အရွယ် ဂျွန်စတုန်းသည် ပွဲချိန်တစ်ဝက်တွင် နောက်တန်းကစားသမားနာသန်အေကီ၏ နေရာတွင် အစားထိုးဝင်ရောက်ကစားခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာ က "ကျွန်တော်သူ့အတွက် တကယ် ကို စိတ်မကောင်းဖြစ်မိပါတယ်။ သူဟာ ကျွန်တော်တို့အသင်းအတွက် အရမ်းအရေးကြီးပါတယ်" ဟု ပြောခဲ့သည်။
ဂျွန်စတုန်းသည် တင်ပါးဆုံဒဏ်ရာကြောင့် ရာသီအစကစားပွဲများကို လွဲချော်ခဲ့ပြီး အောက်တိုဘာလတွင် မန်စီးတီး အသင်း၏ ပွဲစဉ်များတွင် ပြန်လည်ကစားခဲ့ပြီးနောက် ယခုကဲ့သို့ဒဏ်ရာထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာ က "ဂျွန်စတုန်းဟာ အချိန်အတိုင်းအတာတစ်ခုအထိတော့ အနားယူရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကြွက်သားဒဏ်ရာဖြစ်တဲ့အတွက် အချိန်ခဏပဲကြာလောက်မှာပါ။ ဒါက ကျွန်တော်တို့အတွက် တကယ်ကို သတင်းဆိုးတစ်ခုပါပဲ။ သူအချိန်ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး" ဟု ပြောခဲ့သည်၊၊
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြို့တွင် ကုန်တင်ကားဂီယာပြုတ်ပြီး နောက်ပြန်လိမ့်ကျမှုကြောင့် (၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း