မကွေးမြို့တွင် ကုန်တင်ကားဂီယာပြုတ်ပြီး နောက်ပြန်လိမ့်ကျမှုကြောင့် (၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၈
မကွေးတိုင်း၊ မကွေးမြို့တွင် ကုန်တင်ကားတစ်စီး ဂီယာပြုတ်ကာ နောက်ပြန်လိမ့်ကျမှုကြောင့် အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာလ ၈ ရက်)၊ ညနေ ၃ နာရီခန့်က မကွေးမြို့၊ ဆုံရပ်(၁၁)လမ်း နှင့် ကမ်းနားလမ်းထောင့်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားက အတက်လေးမှာ ဂီယာပြုတ်ပြီး နောက်ပြန်လိမ့်ကျတာပေါ့။ ကြမ်းတုံးလိုက်ခုပေမယ့် မရတော့ပဲ လိမ့်ကျပြီး နောက်က ဓာတ်တိုင်ကို တိုက်မိတာပါ” ဟု မကွေးမြို့မြေပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် မကွေးမြို့၊ သရက်ပင်ရပ်ကွက်နေ အသက်(၃၀)ဝန်းကျင် ယာဉ်နောက်လိုက်(၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်တာက ယာဉ်နောက်လိုက်(၂)ယောက်ပေါ့။ တစ်ယောက်က ဓာတ်တိုင်ပိပြီး ခါးထိသွားတယ်။ စိုးရိမ်ရတယ်။ ကျန်တဲ့တစ်ယောက်ကကားပေါ်က ပုံးတွေပြုတ်ကျပြီး လက်ဖျံရိုးကျိုးတယ်။ ပုခုံးတွေလဲထိတာပေါ။ နောက်ပြီး ဆိုင်ကယ်တစ်စီးလဲ ကားကြိတ်ခံရသေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူအမျိုးသား(၂)ဦးအား မြေပြင်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လူ(၄၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး စောင်နှင့် အနွေးထည်များ လိုအပ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း