အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများ၏ အဖျက်မူဝါဒများက နျူကလီးယားလက်နက်အသုံးပြုမည့်အန္တရာယ်ကို ပိုမိုတိုးမြင့်လာစေကြောင်း ရုရှားအစိုးရ ဝေဖန်ပြော
Pika (NSS) - နိုဝင်ဘာ ၈
အမေရိကန်နှင့် ၎င်းမဟာမိတ်နိုင်ငံများ၏ အဖျက်မူဝါဒများသည် နျူကလီးယား၊ ဓါတု (သို့မဟုတ်) ဇီဝလက်နက်များ အသုံးပြုမည့်အန္တရာယ်ကို ပိုမိုတိုးမြင့်လာစေကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပက်ထရုရှက်ဗ် က ပြောကြားခဲ့သည်။
နီကိုလိုင်ပက်ထရုရှက်ဗ် က "အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေရဲ့အဖျက်မူဝါဒတွေဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ပျက်စီးယိုယွင်းစေပါတယ်။ သူတို့ရဲ့မူဝါဒတွေကြောင့် နျူကလီးယား၊ ဓါတုနဲ့ ဇီဝလက်နက်တွေ အသုံးပြုမယ့်အန္တရာယ်ဟာ ပိုမိုတိုးမြင့်လာနေပါတယ်။ နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးစနစ်က ပျက်စီးသွားပါ ပြီ" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အမေရိကန် နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အကြိမ်ကြိမ်ချမှတ်ခဲ့ ကြောင်း သိရသည်။ ယူကရိန်းသို့ အမေရိကန်၏ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများနှင့်ပတ်သက်ပြီး ရုရှား နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။
ထို့အပြင် အနောက်အုပ်စုနိုင်ငံများ၏ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းပေးပို့မှုများမှာ ပဋိပက္ခကို ပိုမိုရှည်ကြာ အောင် လုပ်ဆောင်နေခြင်းမျိုးဖြစ်ပြီး သွေးထွက်သံယိုမှုများကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ် သတိပေးပြောခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် ရုရှားကို မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးနိုင်ခြေနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများကြားတွင် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ