ပြည်မြို့ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံး
သန့်ဇင်(NSS) - နိုဝင်ဘာ ၈
ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ပရဟိတ ပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ယနေ့(နိုဝင်ဘာလ ၈ ရက်)၊ နေ့လည် ၁နာရီခန့်က ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားပန်းခြံ ဘောတံတားအနီး ဧရာဝတီမြစ်ကမ်းစပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကြားတာတော့ သူငယ်ချင်း(၃)ယောက် အရက်သောက်နေရင်းနဲ့ တစ်ယောက်က ရေဆင်းကူးတာမှာ ရေနစ်တာလို့ပြောတယ်”ဟု ပြည်မြို့ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်ပျောက်ဆုံးသူအမျိုးသားသည် ပြည်မြို့တွင်နေထိုင်သည့် အသက်(၃၀)နှစ်ဝန်းကျင်အရွယ် ဖြစ်ပြီး အုပ်စုဖွဲ့အရက်သောက်နေစဉ် မြစ်အတွင်းသို့ ရေဆင်းကူရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
“ခုထိတော့ ရှာနေတုန်းပါ။ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ရယ်။ ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းရယ်နဲ့ ကျွန်တော်တို့ ပရဟိတပါရမီတို့ပူးပေါင်းပြီး ရှာနေတာပါ။ မြစ်ရေကျချိန်ဆိုပေမယ့် ရေကနက်တော့ ရှာနေရတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်
လက်ရှိတွင် အဆိုပါရေနစ်သူအမျိုးသားအား ပြည်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ပြည်မြို့လူမှုကူညီရေးအသင်းများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နောက်တန်းကစားသမား ဂျွန်စတုန်းဒဏ်ရာရရှိခဲ့ခြင်းက မန်စီးတီးအသင်းအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း