ရွှေဘိုခရိုင်မီးသတ်စခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လက်ထောက်မီးသတ်ဦးစီးမှူး အပါအဝင်(၂)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မီးသတ်စခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်ထောက်မီးသတ်ဦးစီးမှူး အပါအဝင် လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၈ ရက်)၊ နံနက် (၁၀)နာရီဝန်းကျင်အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ခရိုင်မီးသတ်စခန်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ရွှေဘိုခရိုင်မီးသတ်စခန်းအတွင်းသို့ အမျိုးသား(၁)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ ဟုတ်တယ်။လူ(၂)ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်”ဟု မြို့ခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ရွှေဘိုခရိုင်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးတစ်ဦးနှင့် အကြီးတန်းစာရေး အမျိုးသမီးတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း NSS ကို အတည်ပြုပြောကြားထားသည်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မီးသတ်ရေသယ်ယာဉ်တစ်စီးနှင့် ရုံးအဆောက်အဦးတစ်ခုတို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ထပ်မံသိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို လောင်စာဆီများ လှူဒါန်းသွားမည်ဖြစ်ကြောင်း အီရတ်အစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း