ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို လောင်စာဆီများ လှူဒါန်းသွားမည်ဖြစ်ကြောင်း အီရတ်အစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - နိုဝင်ဘာ ၈
အီရတ်ဝန်ကြီးများကောင်စီက ၎င်းတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများသို့ လောင်စာဆီလီတာ(၁ဝ) သန်း လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံပိတ်ဆို့ထားကာ မြေပြင်စစ်ဆင်ရေးနှင့် လေကြောင်းမှတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် အီရတ်ဝန်ကြီးများကောင်စီက ယခုကဲ့သို့ လောင်စာဆီများ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသနှင့်အတူ စည်းလုံးညီညွတ်မှုများကို ပြသရန် နှင့် ပါလက်စတိုင်းညီအစ်ကိုများ စစ်ပွဲအကျိုး ဆက်များ တွေ့ကြုံခံစားနေရခြင်းမှ သက်သာစေရန်အတွက် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်ဝန်ကြီးများကောင်စီက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် လောင်စာဆီပြတ်လပ်မှုများ နှင့် ကြုံတွေ့နေရပြီး ကလေးငယ်အများစုသည် လျှပ်စစ်ဓါတ်အားဖြင့်လည်ပတ်သော အနွေးသေတ္တာများကို လိုအပ်နေ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ပြောရေးဆိုခွင့်ရှိသူ Christian Landmeier က ပြောကြားခဲ့သည်။
(WHO) အဖွဲ့၏ အရှေ့မြေထဲပင်လယ်ဒေသဆိုင်ရာဒါရိုက်တာ Ahmed Al-Mandhari က "ဆေးရုံတွေကို ထိခိုက်စေ တဲ့ အစ္စရေးဖက်က ဆက်လက်လုပ်ဆောင်နေတဲ့ ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ အခြားနိုင်ငံတွေက ကူညီပံ့ပိုးပေးတဲ့ အကူအညီတွေ Rafah မြို့ကို ဖြတ်ခွင့်မရတာဟာ ကျွန်တော်တို့ရဲ့ကျန်းမာရေးအစီအစဉ်တွေကို အကောင်အထည် မဖော်နိုင်အောင်လုပ်ဆောင်နေတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို လောင်စာဆီများ မရရှိအောင် တားဆီးပိတ်ပင်နေကြောင်း ကုလသမဂ္ဂအကူအညီပေးရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Jens Laerke က ပြောကြားခဲ့သည်။
၎င်းက "ဂါဇာကမ်းမြောင်ဒေသကို လောင်စာဆီတင်ပို့မှုတွေ ဝင်ရောက်ခွင့်ရ/မရ ဆိုတဲ့ အပြုသဘောဆောင်တဲ့သတင်းမျိုးတွေ ကျွန်တော်တို့မှာ မရှိပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်တပ်က အသက်ကြီးသော အမျိုးသားများကိုပါ စစ်မှုထမ်းစေခိုင်းနေဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း