နေတိုးအုပ်စုနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကနေ နှုတ်ထွက်လိုက်ကြောင်း ရုရှားအစိုးရ ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
ရုရှားနိုင်ငံဟာ နေတိုးအုပ်စုနဲ့ချုပ်ဆိုထားတဲ့ လက်နက်ထိန်းချုပ်ရေးစာချုပ်ကို တရားဝင်ပြန်ရုတ်သိမ်းလိုက်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ရုရှားအစိုးရဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုနဲ့ စစ်အေးခေတ်ကာလအတွင်း လက်နက်ထိန်းချုပ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အဲဒီစာချုပ်ဟာ နှစ်ပေါင်းများစွာကြာ ခေတ်မမီဘဲ ရှိနေခဲ့ပြီး စာချုပ်အပါအချက်အလက်တွေဟာ လက်တွေ့အကောင်အထည်ဖော်နိုင်မှုမရှိတော့ကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သမာရိုးကျလက်နက်ဆိုင်ရာစာချုပ်ကို ဖျက်သိမ်းသွားမှာဖြစ်ကြောင်း၊ နေတိုးအုပ်စုဟာ အဆိုပါစာချုပ်ကို နှစ်ပေါင်းများစွာ မသိကျိုးကျွံ့ပြုလုပ်နေခဲ့ကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက "နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေဟာ လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးဖို့ ဆန္ဒမရှိကြဘူး။ လက်ရှိအချိန်မှာတော့ နေတိုးအုပ်စုနဲ့ လက်နက်ထိန်းချုပ်ရေးစာချုပ် (CFE) မရှိတော့ပါဘူး" လို့ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို လိုက်နာဆောင်ရွက်ခြင်းမျိုးမရှိကြောင်း၊ အဲဒီလိုမျိုးလိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက် ရုရှားနိုင်ငံကလည်း အဲဒီစာချုပ်မှာ ဆက်လက်ပါဝင်ဖို့ လိုလားနှစ်သက်ခြင်းမရှိတော့ကြောင်း ပြောပါတယ်။
ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုတွေကြား ဆက်ဆံရေးအေးစက်ကာ တင်းမာမှုတွေမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
ရုရှားအစိုးရက နေတိုးအုပ်စုရဲ့အရှေ့ဘက်ကို ချဲ့ထွင်ရေးရည်မှန်းချက်တွေကို မကြာခဏသတိပေးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က CFE စာချုပ်ကနေ ရုရှား နှုတ်ထွက်မှုဟာ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိလာမှာ မဟုတ်ကြောင်း၊ အဲဒီစာချုပ်ဟာ နှစ်ပေါင်းများစွာ အသက်မဲ့သလိုမျိုးဖြစ်နေတဲ့ စာချုပ်မျိုးဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဦးမြို့၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA က ဖမ်းဆီးသွားသော ရဲတပ်ဖွဲ့ဝင် (၆)ဦး ပြန်လည်လွတ်မြောက်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ