ဂါဇာဒေသကို ကာလအတန်ကြာသိမ်းပိုက်မယ့်အစီအစဉ်ကို လက်မခံကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
အမေရိကန်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးနိုင်ငံက နှစ်အတန်ကြာ သိမ်းပိုက်ထားမယ့်အစီအစဉ်ကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမက်စ်နဲ့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးကဏ္ဍအားလုံးကို အပြည့်အဝထိန်းချုပ်နိုင်အောင်လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vedant Patel က "ကျွန်တော်ရဲ့အမြင်မှာတော့ ပါလက်စတိုင်းဟာ ဒီဆုံးဖြတ်ချက်အတွက် အဓိကအကျဆုံးအခန်းကဏ္ဍမှာ ရှိနေမှာပါ။ ဂါဇာကမ်းမြောင်ဒေသဟာ ပါလက်စတိုင်းမြေ ဖြစ်တယ်။ ဒါကြောင့် ဂါဇာဒေသဟာ ပါလက်စတိုင်းပိုင်နက်မြေအဖြစ် ဆက်ရှိနေရမှာပါ။ ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်မယ့်အစီအစဉ်တွေကို မထောက်ခံဘူး။ အစ္စရေးနိုင်ငံ သာမက အခြား ဘယ်နိုင်ငံဖြစ်ဖြစ် ဂါဇာဒေသကို သိမ်းပိုက်မယ်ဆိုရင် လက်မခံပါဘူး" လို့ ပြောပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ခြောက်ရက်ကြာစစ်ပွဲမှာ ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်နေခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှာ ဂါဇာကမ်းမြောင်ဒေသကနေ ပြန်ရုတ်သိမ်းသွားခဲ့ကြောင်း သိရပါတယ်။ အစ္စရေးအဖွဲ့တွေ ထွက်ခွာသွားပြီးနောက် ဟားမက်စ်အုပ်စုတွေဟာ ပါလက်စတိုင်း ဂါဇာဒေသကို သိမ်းပိုက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက "အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းဒေသဟာ တည်ငြိမ်မှုရှိရမှာပါ။ အစ္စရေးပြည်သူတွေ ဒါမှမဟုတ် အခြားနိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အဖွဲ့အစည်းမျိုး အခြေစိုက်နေတာမျိုးတော့ လက်မခံသင့်ဘူး" လို့ ပြောပါတယ်။
ဟားမက်စ်နဲ့ အစ္စရေးလက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန်တစ်လကျော်ကြာခဲ့ပြီးနောက် ပါလက်စတိုင်းလူမျိုး ၁ဝ၃ဝဝ ကျော် သေဆုံးထားပြီး၊ အစ္စရေးနိုင်ငံသား အနည်းဆုံး ၁၄ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓါးစာခံတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာဒေသကို တိုက်ခိုက်နေမှုတွေ ရပ်တန့်သွားမှာမဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ထပ်မံပြောဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ