ဓါးစာခံတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာဒေသကို တိုက်ခိုက်နေမှုတွေ ရပ်တန့်သွားမှာမဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ထပ်မံပြောဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုဟာ ဖမ်းဆီးထားတဲ့ဓါးစာခံတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာဒေသမှာ အပစ်ခတ်ရပ်စဲမှာမဟုတ်ကြောင်း၊ ဂါဇာဒေသကို ရေနံလောင်စာဆီ တင်ပို့ခွင့်ပေးမှာ မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောပါတယ်။
နေတန်ရာဟုဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲ တစ်လပြည့်နေ့က နိုင်ငံကို မိန့်ခွန်းပြောဆိုရာ မှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နေတန်ရာဟုက လက်ဘနွန်အခြေစိုက် လက်နက်ကိုင် အဖွဲ့က စစ်မျက်နှာအသစ်ဖြစ်လာဖို့ လုပ်ဆောင်လာမယ်ဆိုရင် ၎င်းတို့ဟာ အမှားယွင်းတစ်ခုကို ကျူးလွန်လိုက် သလိုမျိုး ဖြစ်လာဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်က ထပ်မံသတိပေးခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ နှစ်လအတွင်း ရောက်ရှိလာခဲ့ရာ ကုလသမဂ္ဂအဖွဲ့က လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ ယာယီအပစ်ခတ်ရပ်စဲရေးအတွက် တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် အပစ်ခတ်ရပ်စဲတာမျိုး လုပ်မှာမဟုတ်ဘူး။ ဂါဇာဒေသကို လောင်စာဆီတင်ပို့ခွင့်ပေးမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ဂါဇာဒေသရှိ ပြည်သူတွေကို ဘေးကင်းစေဖို့ ဂါဇာတောင်ပိုင်းကို ရွှေ့ပြောင်းဖို့ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်တန့်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို စတင်တိုက်ခိုက်ချိန်ကတည်းက ဂါဇာဒေသကို ရေဖြတ်၊ မီးဖြတ်၊ အစားစာဖြတ်၊ ဆေးဝါးနဲ့ လောင်စာဆီဖြတ်တောက်မှုတွေ လုပ်ဆောင်ထားပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၃ဝ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်၌ TNLA နှင့် SSPP အဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ SSPP ၏ မြို့နယ်မှူးအဆင့်ရှိသူနှင့် အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း