လက်ရှိအချိန်တွင် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်း ယူကရိန်းသမ္မတ ပြော
Pika (NSS) - နိုဝင်ဘာ ၇
လက်ရှိအချိန်သည် ယူကရိန်းတွင်ရွေးကောက်ပွဲများကျင်းပရန် သင့်လျော်သောအချိန်တစ်ခုမဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။
ယူကရိန်းတွင် ဒီမိုကရေစီခံယူချက်ကို ဆက်လက်ထိန်းသိမ်းရန်အတွက် လွှတ်တော်မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင် ရန် အနောက်အုပ်စုနိုင်ငံများက လပေါင်းများစွာကြာ ဖိအားပေးခဲ့ပြီးနောက် ဇီလန်စကီးက ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဇီလန်စကီးက "ဒီအချိန်ဟာ ယူကရိန်းပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ကံကြမ္မာအပေါ်မူတည်နေတဲ့ တိုက်ပွဲဝင်အချိန်၊ ကာကွယ်ရေးတွေ လုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်ဟာ ရွေးကောက်ပွဲတွေ လုပ်ရမယ့်အချိန် မဟုတ်သေးဖူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ဆက်လက်စည်းလုံးနေရမှာပါ" ဟု ပြောခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ၂ဝ၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲကျင်းပခြင်း ရှိ/မရှိ ကို ခြင့်ချိန်စဉ်းစားနေရ ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဒီမစ်ထရီကူလီဘာက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော်ပြောခဲ့သည်။ ရုရှား နှင့် ယူကရိန်းကြား စစ်ပွဲဖြစ်ပွားနေမှုများနှင့်အတူ ယူကရိန်းနိုင်ငံသားသန်းချီ နိုင်ငံအတွင်းမှ ထွက်ခွာသွား သောကြောင့် မဲပေးရန်အတွက် စည်းရုံးရာတွင် အခက်အခဲများရှိနိုင်ကြောင်း ကူလီဘာက ပြောခဲ့သည်။
ထို့အပြင် ယခုလအတွင်း ကျင်းပရန်စီစဉ်ထားသော လွှတ်တော်ရွေးကောက်ပွဲများကိုလည်း စစ်အုပ်ချုပ်ရေးဥပဒေကြောင့် အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်း၏ ဥပဒေများအရ အရေးပေါ်အခြေအနေကာလအတွင်း မဲပေးခြင်း (သို့မဟုတ်) မဲဆွယ်စည်းရုံးခြင်းများ ကို တားမြစ်ထားကြောင်း သိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးသည် ရွေးကောက်ပွဲများ ကျင်းပပေးခြင်းဖြင့် ဒီမိုကရေစီနည်းလမ်းများကို ဆက်လက်လိုက်နာရန် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကိုခံနေရကြောင်း သိရသည်။
ဥရောပသမဂ္ဂ နိုင်ငံရေးသမားများ နှင့် အမေရိကန်အထက်လွှတ်တော်အမတ်အများအပြားသည်လည်း ယူကရိန်း တွင် ရွေးကောက်ပွဲများကျင်းပရန်အတွက် အကြိမ်ကြိမ်ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ပြီးခဲ့သည့်မေလတွင် ဇီလန်စကီးက စစ်အုပ်ချုပ်ရေးဥပဒေကိုထောက်ပြကာ ရွေးကောက်ပွဲကျင်းပရန် ပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကိုဆန့်ကျင်သည့်အနေဖြင့် ဒရုန်းဖြင့်တိုက်ခိုက်မှုများကို ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ