အစ္စရေးကိုဆန့်ကျင်သည့်အနေဖြင့် ဒရုန်းဖြင့်တိုက်ခိုက်မှုများကို ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
Pika (NSS) - နိုဝင်ဘာ ၇
ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် အစ္စရေးကို ဆန့်ကျင်သည့်အနေဖြင့် ဒရုန်းဖြင့်တိုက်ခိုက်မှုအသစ်များကို နိုဝင်ဘာလ(၆)ရက်တွင် ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများတွင် နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတစ်ခုလည်းဖြစ်သည်။ ထို့အပြင် နောက်ဆုံးအကြိမ်တိုက်ခိုက်မှုသည် အစ္စရေးစစ်အခြေစိုက်စခန်းများ နှင့် လေဆိပ်များရှိ လှုပ်ရှားဆောင်ရွက်မှုများ ကို ယာယီရပ်ဆိုင်းသွားစေခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က အခိုင်အမာပြောခဲ့သည်။
သို့သော်လည်း အစ္စရေးအာဏာပိုင်များသည် ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးအပေါ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yahya Saree က "ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အစ္စရေးရဲ့ပစ်မှတ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါ တယ်။ ရလဒ်အနေနဲ့ကတော့ ပစ်မှတ်ထားခံခဲ့ရတဲ့ အစ္စရေးစစ်အခြေစိုက်စခန်းတွေနဲ့ လေဆိပ်တွေမှာရှိတဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအားလုံး နာရီအတော်ကြာ ရပ်တန့်သွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးက တိုက်ခိုက်မှုပြုလုပ်နေတာတွေ မရပ်မချင်း ကျွန်တော်တို့ဘက်က လည်း တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးအပေါ် ဟားမက်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုများ စတင်လုပ်ဆောင် ခဲ့ပြီး အစ္စရေးဖက်မှာလူ(၁၄ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ဟားမက်အဖွဲ့၏ တိုက်ခိုက်မှုများကို အစ္စရေး က လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း(၁)သောင်းကျော် သေဆုံးထားပြီး အများစုမှာ အမျိုးသမီး နှင့် ကလေးငယ်များဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကောလင်းပြီးတော့ ခမ်းပတ် - ပြီးရင် ကလေးဝ-ဟုမ္မလင်း-ခန္တီး ချင်းတွင်းမြစ်ကြောတစ်လျှောက်သတိပြု၊ မုံးကိုးမှာ တပ်မမှူးအဆင့်ရှိသူ ကျဆုံး၊ အော်ပရေးရှင်း 1107 လည်း မယ်စဲ့မှာ စတင် (၇-၁၁-၂ဝ၂၃)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း