ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို ဒီဇင်ဘာလအတွင်း တစ်ရက် အနည်းဆုံးလုပ်ခအသစ် ထပ်မံသတ်မှတ်ပေးသွားဖွယ်ရှိနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
ထိုင်းနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို လာမယ့်ဒီဇင်ဘာလမှာ ကြေညာသွားဖွယ်ရှိနေပြီး တစ်ရက်လုပ်ခ အနည်းဆုံးအဖြစ် ဘတ် ၄ဝဝ ကျော် သတ်မှတ်သွားဖွယ်ရှိနေကြောင်း ထိုင်းအလုပ်သမားရေးရာဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။
နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှုကုန်ကျစရိတ်အပေါ် အခြေခံပြီး ပြည်နယ်တွေမှာလည်း အနည်းဆုံးလုပ်ခလစာအသစ်တွေကို ပြင်ဆင်ပြောင်းလဲသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်ကတည်းက ပြည်နယ် ၇၇ ခုမှာ အနည်းဆုံး လုပ်ခလစာနှုန်းထား ၉ မျိုး သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါနှုန်းထားအရ ဖူးခက်မြို့မှာ တစ်ရက်လုပ်ခအနည်းဆုံးကို ဘတ် ၃၅၄ ဘတ် သတ်မှတ် ထားပေမယ့် ဘန်ကောက်မြို့ အပါအဝင် မြို့နယ်အချို့မှာ အနည်းဆုံးတစ်ရက်လုပ်ခကို ဘတ် ၃၅၃ ဘတ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းရှိ အခြားမြို့နယ်တွေမှာလည်း အနည်းဆုံးတစ်ရက်လုပ်ခကို ဘတ် ၃၃၈ ဘတ်ကနေ ၃၄၅ ဘတ်အထိ သတ်မှတ်ထားခြင်းများလည်းရှိနေကြောင်း သိရပါတယ်။ ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့အစိုးရ အဖွဲ့ဟာ ၎င်းတို့အစိုးရဖြစ်လာချိန်မှာ လုပ်ခလစာများ တိုးမြှင့်ပေးသွားဖို့ အစီအစဉ်များရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်အတွင်း ၎င်းတို့ပါတီအစိုးရဖြစ်လာပါက ထိုင်းနိုင်ငံအတွင်း လုပ်ခလစာ တိုးမြှင့်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ လေးနှစ်အတွင်း တစ်ရက်ကို အနည်းဆုံးလုပ်ခ ဘတ် ၆ဝဝ အထိ တိုးမြှင့်ပေးသွားဖို့ စီစဉ်သွားမှာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။
ထိုင်းအစိုးရအဖွဲ့က မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ရပ်မှာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရာမှာ လုပ်ခလစာ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် အလုပ်အကိုင်ဆုံးရှုံးမှာ စိုးရိမ်နေကြောင်း၊ ထိုင်းနိုင်ငံအတွင်း လုပ်ခလစာ သတ်မှတ်ရာမှာ တစ်မြို့နဲ့တစ်မြို့ မတူညီတဲ့အတွက် လုပ်ခလစာ တိုးမြှင့်ပေးတဲ့အရပ်ဒေသများကို ပြောင်းရွှေ့ လုပ်ကိုင်ရာမှာ ခရီးသွားစရိတ်နဲ့ ကုန်ကျစရိတ်မြင့်လာမှာကိုလည်း စိုးရိမ်နေကြောင်း ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ဖြင့် အငှားယာဉ်မောင်းအား တိုက်ခဲ့မှုကြောင့် ခန္ဓာကိုယ်တစ်စစီဖြစ်ကာ သေဆုံးခဲ့မှုအတွက် ကျူးလွန်သူကို ပြစ်ဒဏ်ပေးရန် နှင့် အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များတောင်းဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ