ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနှစ်ထပ်ဆောင်သစ် တည်ဆောက်မှု (၈၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်မည်
စော (NSS) - နိုဝင်ဘာ ၇
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနှစ်ထပ်ဆောင်သစ်တည်ဆောက်မှု (၈၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး လာမည့် (၂၀၂၄)ခုနှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရထံမှ သိရသည်။
ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနှစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ပြီးခဲ့သည် ရက်ပိုင်းအတွင်းက သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကြည့်ရှုစစ်ဆေးခဲ့ရာ ဝန်ကြီးချုပ်က ဆေးရုံအဆောက်အဦးဆိုင်ရာများကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်ကိုက်ညီအောင် တည်ဆောက်ကြရန်နှင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ဆဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနှစ်ထပ်ဆောင်သည် ယခုအချိန်တွင် (၈၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး လာမည့် ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆင့်မြင့်ခုနှစ်ထပ်ဆောင်ကို ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်မှစတင်တည်ဆောက်ခဲ့ပြီး နိုင်ငံ တော်အစိုးရမှ ငွေကျပ် (၂၁ ဒသမ ၈၉၇)ဘီလျံအကုန်ကျခံခဲ့ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး ပြီးစီးသွားပါက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကုန်အကျသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်၍ ပြည်သူများ အားကိုးအားထား ပြုနိုင်သည့် ဆေးရုံကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထု နှင့် တိုင်းရင်းသားများက ခံစားနေရလျက်ရှိဟု နစက ဥက္ကဋ္ဌဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ