နှစ်နိုင်ငံကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေး
Pearl (NSS) - နိုဝင်ဘာ ၆
နှစ်နိုင်ငံကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ နိုဝင်ဘာ (၃) ရက်မှ (၄) ရက်အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့တက်ရောက်သည့် ခရီးစဉ်အတွင်း၌ ယမန်နေ့(နိုဝင်ဘာလ ၅ ရက်) တွင် ကူမင်မြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ပေါင်စန်းဒေသတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ - တရုတ် နှစ်နိုင်ငံကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်လေဆိပ်တွင် တရားမဝင်တင်သွင်းလာသည့် ငွေကျပ်သိန်း(၄ဝဝဝဝ)ခန့်တန်ဖိုးရှိ ရွှေတုံးများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ