ရန်ကုန်လေဆိပ်တွင် တရားမဝင်တင်သွင်းလာသည့် ငွေကျပ်သိန်း(၄ဝဝဝဝ)ခန့်တန်ဖိုးရှိ ရွှေတုံးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၆
ရန်ကုန်လေဆိပ်တွင် တရားမဝင်တင်သွင်းလာသည့် ငွေကျပ်သိန်း(၄ဝဝဝဝ)ခန့်တန်ဖိုးရှိ ရွှေတုံးများနှင့် iphone များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အကောက်အခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအဖွဲ့များပူပေါင်း၍ နိုဝင်ဘာ ၃ ရက်က ရန်ကုန်လေဆိပ်ရှိ လေဆိပ်(သွင်းကုန်)ဌာန၌ စစ်ဆေးမှုများပြုလုပ်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုများပြုလုပ်စဉ် ခရီးသည်(၃)ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသော ငွေကျပ် (၃၉၄၆၅ဝဝဝဝဝ) တန်ဖိုးရှိ gold 999.9 1 Kilo စာတမ်းပါ ရွှေတုံး (၁၆)တုံး (၁၆-ကီလိုဂရမ်) နှင့် iphone 15 ProMax ၂၅၉ လုံး၊ အမေရိကန်ဒေါ်လာ ၁၀၀တန် ၁၂ဝဝဝဝ ဒေါ်လာတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ(၃)ဦးအား အကောက်အခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၆ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း