မြန်မာနဲ့ ရုရှားရေတပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပထမဆုံးအကြိမ် ပြုလုပ်မည်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၆
မြန်မာရေတပ်နဲ့ ရုရှားရေတပ်တို့ဟာ အက်ဒမန်ပင်လယ်ထဲမှာ မနက်ဖြန် နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကိုပြုလုပ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ခေတ်သစ်သမိုင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို ပထမဆုံးအကြိမ်ပြုလုပ် တာလည်း ဖြစ်ပါတယ်။ ရုရှားရေတပ်နဲ့ မြန်မာရေတပ်တို့ပူးတွဲပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းအတွင်း ကျည်အစစ်နဲ့ ပစ်ခတ်တဲ့ လေ့ကျင့်ခန်း၊ ရေအောက်လေ့ကျင့်ခန်းများ အပါအဝင် အခြားရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းတွေကို အဓိကထား လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။
မြန်မာရေတပ်ဟာ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မယ့် နေရာက ငါးမိုင်အတွင်း ငါးဖမ်းသင်္ဘောများ အပါအဝင် သင်္ဘောများမသွားဖို့အပြင် လေယာဉ်များကိုလည်း အမြင့်ပေ ၁၅ဝဝ အောက်ကနေ ပျံသန်းတာမျိုးမလုပ်ဖို့ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ရုရှားရေတပ်ဦးစီးချုပ် ရုရှားရေတပ်ဦးစီးချုပ် Nikolai Yevmenov ဟာ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖွင့်ပွဲကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး၊ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်မယ့် ရုရှားစစ်သင်္ဘောတွေနဲ့ ရုရှားရေတပ်တပ်ဖွဲ့ဝင် ၈ဝဝ တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ