ကမ္ဘောဒီးယားလက်ဝှေ့သမားနဲ့ သရေကျခဲ့ပြီးနောက် ကစားသမားဘဝက အနားယူလိုက်တဲ့ မြန်မာလက်ဝှေ့ကျော် ဒေဝ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၆
ကနေဒါနိုင်ငံသား မြန်မာလက်ဝှေ့သမား ဒေဝဟာ နိုဝင်ဘာ ၅ ရက်က ကမ္ဘောဒီးယားလက်ဝှေ့ချန်ပီယံကျော် ပရွန်ဆာနန် နဲ့ ထိုးသတ်ခဲ့ပြီးနောက်ကစားသမားအဖြစ်က အနားယူလိုက်ကြောင်း lowkickmma သတင်းဌာနက ဖော်ပြထားပါတယ်။
ဒေဝဟာ နိုဝင်ဘာ ၅ ရက်က Kingdom Of Wonder, ကွင်းမှာယှဉ်ပြိုင်ထိုးသတ်ချိန်အတွင်း ၂ဝ၂၃ ခုနှစ် ဆီးဂိမ်း ချန်ပီယံဖြစ်တဲ့ ကမ္ဘောဒီးယားလက်ဝှေ့ကျော်ကို လက်ရည်အသာနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် အလဲထိုးနိုင်ခြင်းမရှိတဲ့ အတွက် သရေကျခဲ့ကြောင်း သိရပါတယ်။
ဒေဝနဲ့ ပရွန်ဆာနန်တို့ ထိုးသတ်တဲ့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၉ မိနစ်တစ်ချီ ထိုးသတ်ပြီးချိန်မှာ တစ်ဦးနဲ့ တစ်ဦး အလဲထိုးနိုင်ခြင်းမရှိတဲ့အတွက် ဒိုင်လူကြီးများက သရေပွဲစဉ်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိဒေဝဟာ မြန်မာလက်ဝှေ့ နဲ့ ထိုင်းမွေထိုင်းလက်ဝှေ့ပွဲစဉ်တွေမှာ ၁ဝ နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီးနောက် ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။ ဒေဝဟာ ပရွန်ဆာနန်နဲ့ မထိုးသတ်ခင် ကတည်းက အဲဒီပွဲစဉ်အပြီးမှာ ကစားသမားဘဝက အနားယူမယ်လို့ ကြေညာခဲ့ဖူးသူလည်းဖြစ်ပါတယ်။
ဒေဝဟာ အဆိုပါပွဲစဉ်မထိုးသတ်ခင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း သိရပါတယ်။ ဒေဝဟာ အဆိုပါပွဲစဉ် မထိုးသတ်ခင်တည်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ရလို ကြောင်း တောင်းဆိုခဲ့ဖူးသူဖြစ်ပါတယ်။ အဆိုပါပွဲစဉ် မထိုးသတ်ခင်တည်းက အနိုင်အရှုံးကို အလဲထိုးနိုင်မှုနဲ့သာ ဆုံးဖြတ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနဲ့ ရုရှားရေတပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပထမဆုံးအကြိမ် ပြုလုပ်မည်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း