ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် RSF အဖွဲ့ကြား တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး အရပ်သား(၂ဝ)ကျော် သေဆုံး
Pika (NSS) - နိုဝင်ဘာ ၆
ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် RSF အဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားစဉ်အချိန်အတွင်း ခါတွန်မြို့ ဆင်ခြေဖုံးရပ်ကွက် တစ်ခုရှိ ဈေးတစ်ခုကို ကျည်ဆန်များကျရောက်ခဲ့ခြင်းကြောင့် လူ(၂ဝ)ကျော် သေဆုံးခဲ့ကြောင်း ဒီမိုကရေစီလိုလား သော ရှေ့နေများကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုသည် Abdel Fattah al-Burhan ဦးဆောင်သော ဆူဒန်စစ်တပ်နှင့် Mohamed Hamdan Daglo ဦးဆောင်သော RSF အဖွဲ့ကြားတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဧပြီလတည်းက လက်ရှိအချိန်အထိ နောက်ဆုံး အကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
စစ်တပ်နှင့် RSF အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန်အတွင်း ဈေးတစ်ခုကို ကျည်ဆန်များ ကျရောက်ခဲ့ ခြင်းဖြစ်ကြောင်း ဒီမိုကရေစီလိုလားသော ရှေ့နေများကော်မတီက ထုတ်ပြန်ပြောခဲ့သည်။
ဒီမိုကရေစီလိုလားသော ရှေ့နေများကော်မတီက "ကျည်ဆန်တွေ ကျရောက်မှုကြောင့် အရပ်သား(၂ဝ) ကျော် သေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ(၄)ရက်က ခါတွန်မြို့ရှိ နေအိမ်တစ်အိမ်ကို ကျည်ဆန်များကျရောက်ခဲ့ခြင်းကြောင့် အရပ်သား အနည်းဆုံး(၁၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်တပ်နှင့် RSF အဖွဲ့ကြား တိုက်ပွဲများသည် ယခင်က ခါတွန်မြို့နှင့် Darfur ဒေသများတွင်သာဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းတွင် ခါတွန်မြို့တောင်ပိုင်းအထိ ပျံ့နှံ့သွား ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဆူဒန်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးတည်းက လူပေါင်း(၁) သောင်းကျော် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ပွဲကြောင့် လူပေါင်း (၅ ဒသမ ၅) သန်းခန့် ဆူဒန်နိုင်ငံတွင်းရှိ အခြားနေရာများ နှင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယား၏ ဆိုက်ဘာခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ကောင်စီတစ်ခုဖွဲ့စည်းရန် အမေရိကန်၊ ဂျပန် နှင့် တောင်ကိုရီးယားအစိုးရတို့ စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ