မန်စီးတီးအသင်းကစားသမားများ၏ စိတ်ဆိုးဒေါသဖြစ်နေခြင်းမှာ ကောင်းမွန်သည့်အချက်တစ်ခုဟု ယုံကြည်ကြောင်း နည်းပြဂွါဒီယိုလာထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၆
မန်စီးတီးအသင်းကစားသမားများအနေဖြင့် အသင်း၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရမည်ဆိုပါက ၎င်းတို့သည် စိတ်ဆိုးဒေါသဖြစ်ဖွယ်ရှိနေပြီး အဆိုပါစိတ်ဆိုးဒေါသများက နောက်ပွဲစဉ်အတွက် ခြေစွမ်းပြကစားနိုင်ရန် တွန်းအားတစ်ခုဖြစ်လာမည်ဟု နည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုသည်။
ဘုန်းမောက်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မန်စီးတီးအသင်းတောင်ပံကစားသမားဂျယ်ရီမီဒိုကုသည် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဂျယ်ရီမီဒိုကုသည် ပြီးခဲ့သည့် သီတင်းပတ်က မန်ယူအသင်းကို အနိုင်ရရှိခဲ့သောပွဲတွင် အရန်ခုံတွင်သာထိုင်နေခဲ့ရပြီး ဂျက်ဂရီးလစ်ရှ်က ဝင်ရောက်ကစားခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း နည်းပြဂွါဒီယိုလာသည် ဘုန်းမောက်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဂျက်ဂရီးလစ်ရှ်အစား ဂျယ်ရီမီဒိုကုကို ထည့်သွင်းကစားခဲ့ကြောင်း သိရသည်။
ဂွါဒီယိုလာက "ကျွန်တော် ဂျက်ဂရီးလစ်ရှ်ကို စိတ်ဆိုးနေတဲ့ပုံစံနဲ့ ကောင်းကောင်း ကစားစေချင်ပါတယ်။ ဂျယ်ရီမီဒိုကုဟာလည်း နောက်ဆုံးနှစ်ပွဲမှာ မကစားခဲ့ရတဲ့အတွက် စိတ်ဆိုးပြီး သေချာကစားခဲ့တာပါ။ ဒါဟာ သူတို့ရဲ့ခြေစွမ်းနဲ့ ကစားနိုင်စွမ်းကိုထိန်းထားဖို့ အကောင်းဆုံးအရာတစ်ခုပါပဲ။ ကျွန်တော်တို့အားလုံးကို လိုအပ်ပါ တယ်။ ကျွန်တော်တို့မှာ ကစားဖို့ပွဲစဉ်တွေ အများကြီးကျန်ရှိနေသေးပြီး လူတိုင်းက ပါဝင်ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့ကစားပွဲတွေကို နိုင်ခဲ့မယ်ဆိုရင် လူတိုင်းလည်း ပျော်ရွှင်ရမှာပါ။ ဒါက ကျွန်တော်တို့လုပ်ကိုလုပ်ရမယ့် အရာတစ်ခုပါပဲ" ဟု ပြောခဲ့သည်။
မန်စီးတီးအသင်းသည် နိုဝင်ဘာလ(၈)ရက်တွင် Young Boys အသင်း နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ Kalibr ခရုဇ်ဒုံးကျည်တပ်ဆင်ထားသည့် စစ်သင်္ဘောကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းလေတပ် အတည်ပြု
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း