ရုရှား၏ Kalibr ခရုဇ်ဒုံးကျည်တပ်ဆင်ထားသည့် စစ်သင်္ဘောကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းလေတပ် အတည်ပြု
Pika (NSS) - နိုဝင်ဘာ ၆
ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားပင်လယ်နက်ရေယာဉ်စု၏ အဆင့်အမြင့်ဆုံးသင်္ဘောများထဲမှ တစ်စီးဖြစ်သည့် Kalibr ခရုဇ်ဒုံးကျည်တပ်ဆင်ထားသည့် စစ်သင်္ဘောကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းလေတပ် တပ်မှူး Mykola Oleshchuk က နိုဝင်ဘာလ(၅)ရက်တွင် အတည်ပြုပြောခဲ့သည်။
ယူကရိန်းလေတပ်မှ လေယာဉ်မှူးများသည် Kerch မြို့ကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ရုရှား ပင်လယ်နက်ရေယာဉ်စုမှ အဆင့်အမြင့်ဆုံးသင်္ဘောတစ်စီးဖြစ်သော Kalibr ခရုဇ်ဒုံးကျည်တပ်ဆင်ထားသည့် စစ်သင်္ဘောကို နစ်မြုပ်သွားနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယူကရိန်းစစ်တပ်က "နိုဝင်ဘာလ(၄)ရက် ညနေပိုင်းမှာ ယူကရိန်းလေတပ်ဟာ Kerch မြို့မှာရှိတဲ့ Zalyv သင်္ဘောကျင်းရဲ့အခြေခံအဆောက်အဦးတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ထို့နောက် ယူကရိန်းလေတပ်၏ Kerch မြို့ကို တိုက်ခိုက်မှုအတွင်း ရုရှား၏ အဆင့်မြင့်ဆုံးသင်္ဘောတစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း Mykola Oleshchuk က နိုဝင်ဘာလ(၅)ရက်တွင် အတည်ပြုပြောခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် Kerch မြို့ရှိ သင်္ဘောကျင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့သော ယူကရိန်း၏ ခရုဇ်ဒုံးကျည်(၁၅)စင်းအနက် (၁၃)စင်းကို ပစ်ချနိုင်ခဲ့ပြီး သင်္ဘောတစ်စီး ပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောထားသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "နိုဝင်ဘာလ(၄)ရက်မှာ ယူကရိန်းတပ်ဖွဲ့တွေဟာ Kerch မြို့မှာရှိတဲ့ သင်္ဘောကျင်းကို ခရုဇ်ဒုံးကျည်(၁၅)စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လေကြောင်းရန်ကာကွယ် ရေးစနစ်တွေဟာ ခရုဇ်ဒုံးကျည်(၁၃)စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ခရုဇ်ဒုံးကျည်တစ်စင်း ထိမှန်မှုနဲ့အတူ စက်ရုံတစ်ခုထဲမှာရှိတဲ့ သင်္ဘောတစ်စီးပျက်စီးသွားခဲ့ပါတယ်" ဟု ထုတ်ပြန်ထားသည်။
Kerch မြို့ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းဖက်မှ တိုက်ခိုက်မှုများကို အကောင်းဆုံး ကာကွယ်ပေးနိုင်ခဲ့ပြီး ဒုံးကျည်အပျက်အစီးအချို့မှာ သင်္ဘောကျင်းနေရာအနီးတွင် ပြုတ်ကျခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ကြောင်း ခရိုင်းမီးယားဒေသအကြီးအကဲ Sergey Aksyonov က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံသို့လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို သမ္မတဇီလန်စကီး ဖိတ်ကြားခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ