ဂျာမနီနိုင်ငံသားများအနေဖြင့် ဂျူးလူမျိုးများကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဂျာမန်အဓိပတိပြော
Pika (NSS) - နိုဝင်ဘာ ၆
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ဂျူးဆန့်ကျင်ရေးဖြစ်ရပ်များဖြစ်ပွားနေချိန်တွင် ဂျာမနီနိုင်ငံသားများသည် နိုင်ငံတွင်းတွင်နေထိုင်သော ဂျူးလူမျိုးအားလုံးကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ် က ပြောခဲ့သည်။
အိုလက်ဖ်ရှိုးလ် က "ဂျာမနီမှာနေထိုင်တဲ့ ဂျူးလူမျိုးတွေကိုတိုက်ခိုက်တာဟာ ကျွန်တော်တို့အားလုံးကို တိုက်ခိုက်သလိုပါပဲ။ ဒါကြောင့် ဂျာမနီမှာရှိတဲ့ဂျူးလူမျိုးအားလုံးကို ကာကွယ်ဖို့ ကျွန်တော်တို့ အားလုံးရပ်တည်သင့်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိတွေကို ပြသသလိုပါပဲ" ဟု ပြောခဲ့သည်။
ထို့အပြင် ဂျာမန်ဒုအဓိပတိ Robert Habeck သည်လည်း ဂျူးလူမျိုးများနှင့်ပတ်သက်ပြီး အစိုးရ၏ ရပ်တည်ချက်ကို ဗီဒီယိုတစ်ခုတွင် ပြောဆိုခဲ့ကြောင်း အိုလက်ဖ်ရှိုးလ်က ထပ်မံပြောခဲ့သည်။
Robert Habeck က "နေအိမ်တွေမှာ ဂျူးလူမျိုးတွေကို ခုခံကာကွယ်ပေးတဲ့ ဂျာမန်မွတ်စလင်က အနည်းငယ်ပဲ ရှိပါတယ်။ ပြီးတော့ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဂျာမန် မွတ်စလင်တွေလည်း အနည်းငယ်ပဲရှိပါတယ်" ဟု ပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သိသိသာသာမြင့်တက်လာသော ဂျူးဆန့်ကျင်ရေးဖြစ်ရပ်များကို ရှောင်ရှားကြရန် မွတ်စလင်အသိုင်းအဝိုင်းကို Robert Habeck က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့မှ ဓါးစာခံအဖြစ် ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန်အတွက် ဂျာမနီအစိုးရသည် အစ္စရေးနှင့်ပူးပေါင်းကာ ဒေသတွင်းရှိ အဆက်အသွယ်များအားလုံးကို အသုံးပြုနေကြောင်း အိုလက်ဖ်ရှိုးလ်က ထပ်မံပြောခဲ့သည်။
ဂျာမနီအစိုးရတာဝန်ရှိသူများသည် ဂျူးဆန့်ကျင်ရေးလုပ်ရပ်များကို ပြင်းထန်သောပြဿနာတစ်ခုအဖြစ် သတ်မှတ် ထားပြီး အဆိုပါရာဇဝတ်မှုများကို နှိမ်နှင်းနိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ထို့အပြင် ဂျာမနီနိုင်ငံတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်းထားသော ဟားမက်အဖွဲ့၏ လှုပ်ရှားမှုများအားလုံးကို တားမြစ်ကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး Nancy Fraeser က ယခုသီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆားလင်းကြီးမြို့နယ်၌ PDF အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ အသက်မပြည့်သေးသည့်မိန်းကလေးငယ် သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ