UWSA မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မူးယစ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်
ကျော် (NSS) - နိုဝင်ဘာ ၆
UWSA "ဝ" အဖွဲ့၊ စစ်ဒေသ ၁၇၁၊ နားယောင်းမှ ၎င်းတို့ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများကို မူးယစ်ရဲတပ်ဖွဲ့(၂၉)မိုင်းဆတ်ထံ နိုဝင်ဘာ ၅ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးအပ်သည်မှာ (၂၁)ကြိမ်မြောက်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆက်ခရိုင်၊ မိုင်းတွမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် UWSA "ဝ" အဖွဲ့၊ စစ်ဒေသ ၁၇၁ ၏ ပြင်ပဆက်ဆံရေးဌာနမှူး ဆမ်ပိန်းမှ ပေးအပ်ရာ မူးယသ်ရဲတပ်ဖွဲ့(၂၉)မိုင်းဆတ်၏ တပ်ဖွဲ့စုမှူး ရဲမှူးကျော်သူက လက်ခံရယူခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် အောက်တိုဘာ ၁၉ ရက်က မိုင်းတွမ်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် UWSA "ဝ" တပ်ဖွဲ့ဝင် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့နှင့်အတူ ပူးပေါင်း ပါဝင်သူတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများသည် ငွေကျပ် ၁၃၆၉၅၅ ဒသမ ၈၈၂၅ တန်ဖိုးရှိ ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများ၊ ICE များ၊ VANILLA POWDER များ၊ ဆေးပြားထည့်ရာတွင် အသုံးပြုသည့် ပလပ်စတစ် ကပ်ခွာအိတ်(အခွံ)ထည့်ထားသော ဆာလာအိတ်များ၊ ကဖင်းမှုန့်များ၊ ကယ်လ်စီယမ်ကာဗွန်နိတ်များ၊ ပိုတက်စီယမ်များ၊ အမိုနီယမ်ကလိုရိုက်များ၊ Promethazin (ချောင်းဆိုးပျောက်ဆေး) ဗူးများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်း(မြောက်)တိုက်ပွဲများကြောင့် လားရှိုးမြို့ရှောင်လမ်းပေါ်၌ ခရီးသွားပြည်သူ (၃ဝဝ)ခန့် ပိတ်မိနေ၊ အစားအသောက်များ လိုအပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ