မြန်မာ-တရုတ် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရန် စာချွန်လွှာရေးထိုး
Pearl (NSS) - နိုဝင်ဘာ ၆
မြန်မာ-တရုတ် သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးလုပ်ငန်းစဉ်များ ပူးတွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်) တွင် တရုတ်နိုင်ငံ၊ Chongqing မြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နှင့် တရုတ်နိုင်ငံ၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန H.E. Professor YIN Hejun တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့သို့တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံ၊ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာနတို့ကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာပူးပေါင်းမှုဆိုင်ရာ အထူးလုပ်ငန်းစဉ်များပူးတွဲ အကောင်အထည်ဖော်ဆောင်ခြင်း စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ် များ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။
သတင်းအချက်အလက်နည်းပညာ (ICT) သုတေသနစင်တာများထူထောင်ရန် အပါအဝင် Artificial Intelligent (AI) ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ၊ နည်းပညာဆိုင်ရာတိကျတိုင်းတာရေး နှင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ တန်ဖိုးမြင့်အစားအသောက်များ ထုတ်လုပ်ရန်၊ နည်းပညာနှင့် ဓာတုနည်းပညာတီထွင်ဆန်းသစ်မှုဆိုင်ရာ များ ဆောင်ရွက်ရန်၊ သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာ သုတေသနများပူးပေါင်းဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမ များ နှင့် ကျောင်းသား၊ကျောင်းသူများ ပညာတော်သင်စေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UWSA မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မူးယစ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း