ဩစတြေးလျရဲ့ဝေးလံခေါင်သီတဲ့ဒေသမှာ အပေါ့စားလေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် မီးသတ်သမား ၃ ဦး သေဆုံး
ရောင်နီ (NSS) - နိုဝင်ဘာ ၅
သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်ရဲ့ဝေးလံခေါင်သီတဲ့ဒေသမှာ စနေနေ့(နိုဝင်ဘာ ၄ ရက်) က အပေါ့စား လေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းကြောင့် လိုက်ပါလာတဲ့ မီးသတ်သမားသုံးဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က စနေနေ့ နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်မှာ အဆိုပါအဖြစ်အပျက်အတွက် အရေးပေါ်အကြောင်းကြားချက်ကို အာဏာပိုင်တွေ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါလေယာဉ်ဟာ ပြည်နယ်မြို့တော် ဘရစ္စဘိန်းမှ မြောက်ဘက် ၁,၅ဝဝ ကီလိုမီတာ (၉၃၂ မိုင်) ကွာဝေးတဲ့ အနောက်ဘက်မြို့ မက်ကင်လေးအနီးမှာ ပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းစလန်းရှိ မီးသတ်သမားတွေဟာ ယခုသီတင်းပတ်အတွင်း ပက်ခ်ျနဲ့ Peel ဒေသမှ လူနှစ်ဦးသေဆုံးပြီး၊ နေအိမ် ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့တဲ့တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ အဆိုပါလေယာဉ်ကိုမောင်းနှင်ကာ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
လေယာဉ်ပေါ်ပါ လူ ၃ ဦးလုံး သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်ကလည်း အသက်ဆုံးရှုံးခဲ့ရတဲ့ မီးသတ်သမားများအတွက် တနင်္ဂနွေနေ့က ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သဘာဝငါးသယံဇာတများကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်သင့်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ