သဘာဝငါးသယံဇာတများကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်သင့်ဟုဆို
စော (NSS) - နိုဝင်ဘာ ၅
သဘာဝငါးသယံဇာတများကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်သင့်ကြောင်း ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ယမန်နေ့(နိုဝင်ဘာ ၄ ရက်) တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက သားငါးရိက္ခာဖူလုံပိုလျှံရေး၊ ဒေသငါးမျိုး စိတ်များထိန်းသိမ်းရေးအပြင် တိုးချဲ့ မွေးမြူရေး၊ ခိုင်မာသည့်စျေးကွက်ရရှိရေး နှင့် ပြည်ပဈေးကွက်တိုးချဲ့ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
သဘာဝငါးသယံဇာတအရင်းအမြစ်များကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်ခြင်းကိုသာ အလေးထား ဆောင်ရွက်ရန် နှင့် စားသုံးသူဘေးကင်းလုံခြုံရေးသာမက ပြည်ပသို့ တင်ပို့ရာတွင်လည်း လိုက်နာရမည့် စံချိန် စံညွှန်းများကို လုပ်ငန်းရှင်များဘက်မှ လိုက်နာဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ဒုဝန်ကြီး ဒေါက်တာအောင်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ ကမ်းဝေးငါးဖမ်းငါးသယ် ရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်မှုစင်တာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာ ကမ်းဝေးငါးဖမ်းငါးသယ်ရေယာဉ်များ၌ VMS တပ်ဆင်ထားရှိမှုနှင့် ကမ်းဝေး (တရွတ်ဆွဲ) ငါးဖမ်း ရေယာဉ်များတွင် TeDs တပ်ဆင်ထားရှိမှုတို့ကို စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။
ထို့ပြင် ပင်လယ်ပြင်ရေလုပ်သားများ အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ၌ VMS ဆိုင်ရာ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ် ထည့်သွင်းဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယစစ်တပ် နဲ့ မြန်မာစစ်တပ်ကြား လာမယ့် ဒီဇင်ဘာလအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ဖွယ်ရှိနေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း