ရေကြောင်းလက်တွေ့ပစ်ခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်၍ သင်္ဘောများနှင့် လေယာဉ်များ ဖြတ်သန်းခြင်း မပြုရန် အသိပေး
စော (NSS) - နိုဝင်ဘာ ၅
ရေကြောင်းလက်တွေ့ပစ်ခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်၍ သင်္ဘောများနှင့် လေယာဉ်များ ဖြတ်သန်းခြင်း မပြုရန် နစကမှ အသိပေးထုတ်ပြန်ထားသည်။
ရေကြောင်းလုံခြုံရေးအတွက် ပင်လယ်ပြင်လေ့ကျင့်ခန်းကို လာမည့် နိုဝင်ဘာ (၇)ရက်မှ (၉)ရက် အထိ မြန်မာ့ ပင်လယ်ပြင် မြောက်ပိုင်းရှိ ရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများ နှင့် လက်တွေ့ပစ်ခတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လေ့ကျင်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄ဝ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄ဝ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄ဝ မိနစ်နှင့် Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄ဝ မိနစ်စသည့် Coordinaters အမှတ်များ သတ်မှတ်ထားကြောင်း သိရသည်။
ထို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လေ့ကျင့်ခန်းဆောင်ရွက်စဉ်အတွင်း သတ်မှတ်ထားသည့် ဧရိယာမှ (၅)မိုင်ပတ်လည်အား လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ (၁၅ဝဝဝ) အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် လိုကြောင်း သိရသည်။
ထို့ပြင် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း အပါအဝင် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်လည်း အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြန်ပေးဆွဲခံထားရသူ ၆ဝ ကျော် ပျောက်ဆုံးနေဟု ဟားမက်စ်အဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ