အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြန်ပေးဆွဲခံထားရသူ ၆ဝ ကျော် ပျောက်ဆုံးနေဟု ဟားမက်စ်အဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
ဂါဇာဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြန်ပေးဆွဲခံထားရသူ ၆ဝ ကျော် ပျောက်ဆုံးလျက်ရှိနေကြောင်း၊ ဟာမးက်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Abu Obeida က ထုတ်ဖာ်ပြောဆိုလိုက်ပါတယ်။
အစ္စရေးရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့အပျက်အစီးများအောက်မှာ ပိတ်မိနေခဲ့တဲ့ ပြန်ပေးဆွဲခံထားရသူတွေထဲမှာ ပါဝင်တဲ့ အစ္စရေးနိုင်ငံသား ၂၃ ဦးရဲ့ရုပ်အလောင်းကို တွေ့မြင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်မှုနဲ့အတူ အစ္စရေး စစ်သားတွေ အပါအဝင် လူပေါင်း ၂၄ဝ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "ဂါဇာဒေသကို သိမ်းပိုက်နိုင်ဖို့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ် ဆိုရင် ပြန်ပေးဆွဲခံထားရသူတွေဟာ သူတို့ မိခင်နိုင်ငံကိုဘယ်တော့မှ ပြန်ရောက်မှာမဟုတ်ဘူး" လို့ ပြောပါတယ်။
ပြန်ပေးဆွဲခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ကြားဝင်စေ့စပ်နေတဲ့ ကာတာအစိုးရကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပြန်ပေးဆွဲခံထားရသူများပြန်လည်လွတ်မြောက်ရေးဆွေးနွေးမှုတွေကို အဟန့်အတားအခက်အခဲဖြစ်စေခဲ့ကြောင်း ပြောပါတယ်။ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုများကြောင့် ပြန်ပေးဆွဲခံထားရသူများအနက်မှ ၅ ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေက ပြန်ပေးဆွဲခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။ အစ္စရေးဟာ ပြန်ပေးဆွဲခံထားရ သူတွေ ပြန်လည်ကယ်တင်နိုင်ဖို့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက သတင်းများ ၂၄ နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ