လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အစ္စရေးဝန်ကြီးချုပ် ထပ်မံသတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၄
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ အပါအဝင် ရန်သူများအနေဖြင့် အစ္စရေးနိုင်ငံကို သွေးတိုးမစမ်းစေလိုကြောင်း၊ သွေးတိုးစမ်းမယ်ဆိုရင် ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်လည်ပေးဆပ်သွားရမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက သတိပေးပြောဆိုခဲ့ပါတယ်။
လက်ဘနွန်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallahက လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံရဲ့စစ်မျက်နှာ တစ်ခုဖြစ်လာနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အစ္စရေးဝန်ကြီးချုပ် သတိပေးခဲ့ တာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့နိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ လက်ဘနွန်လက် နက်ကိုင်အဖွဲ့တွေကို အသိပေး လိုတယ်။ ကျွန်တော်တို့နိုင်ငံကို သွေးတိုးမစမ်းစေလိုဘူး။ အဲဒီလိုမျိုး သွေးတိုးစမ်းလာမယ်ဆိုရင်တော့ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြန်ပေးဆပ်ရမယ်ဆိုတာ သတိပေးလိုတယ်။ နိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ လက်ဘနွန်လက်နက် ကိုင် ဟစ်ဘိုလာအဖွဲ့တွေဟာ ကျွန်တော်တို့အပေါ် အမှားအယွင်းမလုပ်မိစေဖို့ သတိပေးလိုက်ပါတယ်" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲဟာ အောက်တိုဘာ ၇ ရက်က စတင်ခဲ့ပြီး ဟားမက်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း လူပေါင်း အနည်းဆုံး ၉ဝဝဝ ကျော် သေဆုံးထားပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဂါဇာဒေသ ကိုတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံဟာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်က ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ယာယီအပစ်ခတ်ရပ်စဲတာမျိုးလည်း လုပ်ဆောင်မှာမဟုတ်ကြောင်း ထပ်မံပြောခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြန်ပေးဆွဲခံထားရသူတွေကို ပြန်ရှာဖွေနိုင်ဖို့ ဂါဇာဒေသကို အမေရိကန်စစ်ဘက်က ဒရုန်းတွေ စေလွှတ်ပျံသန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ