တေလာဆွစ်ဖ်ရဲ့အာဂျင်တီးနားနိုင်ငံ Era world tour ကို ရှေ့ဆုံးတန်းက ကြည့်ရှုအားပေးဖို့ ပွဲနေရာအပြင်ဘက်မှာ ၅ လကြာ တဲထိုးနေထိုင်သူများရှိနေ
ရောင်နီ (NSS) - နိုဝင်ဘာ ၄
အမေရိကန်ပေါ့ပ်စတား တေလာဆွစ်ဖ်ရဲ့ အာဂျင်တီးနား ပရိသတ်တွေဟာ အာဂျင်တီးနားနိုင်ငံ Buenos Aires River Plate အားကစားကွင်းမှာ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မယ့် Era World Tour အတွက် ရှေ့ဆုံးတန်းမှ ကြည့်ရှုအားပေးနိုင်ဖို့ ဇွန်လကတည်းက တဲထိုးကာ စခန်းချနေသူတွေတောင် ရှိတယ်လို့ သိရပါတယ်။
ကြာသပတေးနေ့(နိုဝင်ဘာ ၇ ရက်) က အမေရိကန်တေးဂီတထုတ်ဝေရေးကုမ္ပဏီ Pitchfork ရဲ့အစီရင်ခံစာအရ တေလာဆွဖ်ရဲ့ Swifties (ခေါ်) ပရိသတ်တွေဟာ ပွဲပြုလုပ်မယ့် အားကစားကွင်းအပြင်ဘက်မှာ တဲထိုးကာ နေထိုင် နေကြတယ်လို့ ဆိုပါတယ်။
ကာမင် (ခေါ်) ပရိသတ်တစ်ဦးက သူမဟာ အဆိုပါပွဲကိုကြည့်ရှုရဖို့ တဲအပြင်မှာ နာရီပေါင်း ၃ဝဝ ကျော် နေထိုင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ အဆိုပါတဲတွေဟာ နာရီအလိုက်ငှားရမ်းနေထိုင်ရတာဖြစ်ပြီး ဒါပေမယ့် အသက် ၁၈ နှစ် အောက် ကလေးတွေကိုတော့ နေထိုင်ခွင့်မပေးထားဘူးလို့ သိရပါတယ်။
တေလာဆွစ်ဖ်ဟာ ၂ဝ၂၃ ခုနှစ် အစောပိုင်းကစ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲကြီးကို စတင်ခဲ့တာဖြစ်ပြီး ဇူလိုင်လက လက်မှတ်စမရောင်းခင် နှစ်ရက်အလိုကလည်း စင်ကာပူရှိ SingPost ရုံးခွဲတွေ အပြင်ဘက်မှာ ညအိပ်၊ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူခဲ့သူတွေရှိပြီး လက်မှတ်တွေဟာ အွန်လိုင်းနဲ့ အော့ဖ်လိုင်းနှစ်မျိုးလုံးမှ ဝယ်ယူသူတွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင်သည့်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ