ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင်သည့်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၄
ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဓာတ်လိုက်သေဆုံးမှုသည် ယမန်နေ့(နိုဝင်ဘာလ ၃ ရက်)၊ ညနေ ၄ နာရီအချိန်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ဘောတံတား(၂)တွင် ကမ်းကပ်ထားသည့် သင်္ဘောပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဓာတ်လိုက်သေတဲ့အမျိုးသားက အပြင်ကလူပါ။ သူက သင်္ဘောပေါ်မှာ မီးလိုင်းဆင်နေရင်းကနေ ဝါယာရှော့ဖြစ် ပြီးတော့ ဓာတ်လိုက်တာ ပေါ့” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဓာတ်လိုက်သေဆုံးသူအမျိုးသားမှာ အသက်(၃၄)အရွယ် ကိုသူရိန်ဦးဖြစ်ပြီး သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင် နေစဉ် ဝါယာရှော့ဖြစ်ကာ ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓာတ်လိုက်တော့ လူကအသက်ရှိသေးတယ်။ ဒါပေမဲ့ သတိကတော့ မရတစ်ချက်ရတစ်ချက်ပေါ့နော်။ ဆေးရုံပို့နေ တုန်း ကားပေါ်မှာပဲ အသက်ဆုံးသွားတာပါ။ မိသားစုကလဲ လိုက်လာပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ဓာတ်လိုက်သေဆုံးသူအမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း