ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ် ၂၆၅ ဦးနှင့် USDP ပါတီ၏ အလုပ်သမားရေးရာတာဝန်ခံတွေ့ဆုံ
ကျော် (NSS) - နိုဝင်ဘာ ၄
ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ် ၂၆၅ ဦးအား ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့်နှင့် တာဝန်ရှိသူများက တွေ့ဆုံခဲ့သည်။
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီရုံးတွင် နိုဝင်ဘာ ၃ ရက် နံနက် ၁ဝ နာရီက တွေ့ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံပြီးနောက် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဦးမောင်မြင့်၊ နေပြည်တော် USDP ပါတီ ဥက္ကဋ္ဌဦးလှဆွေ နှင့် Myanmar San Kou သင်တန်းကျောင်းမှ မစ္စတာဆူတာတို့မှ အလုပ်အကိုင်ရရှိရေးကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသော လူငယ် ၂၆၅ ဦးကို အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်စစ်ဆေးခြင်း ၊သင်္ချာဥာဏ်စမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးမှုအောင်မြင်သူများသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု လူငယ်ပရဟိတသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို နိုဝင်ဘာ ၈ ရက်၌ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တွံတေးတူးမြောင်းအတွင်းရှိ ရဲတပ်ဖွဲ့ပိုင်ရေယာဉ်အား အကြမ်းဖက်အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲပြီး သေနတ်ဖြင့် ပစ်ခတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ