တွံတေးတူးမြောင်းအတွင်းရှိ ရဲတပ်ဖွဲ့ပိုင်ရေယာဉ်အား အကြမ်းဖက်အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲပြီး သေနတ်ဖြင့် ပစ်ခတ်
Pearl (NSS) - နိုဝင်ဘာ ၄
တွံတေးတူးမြောင်းအတွင်းရှိ ရဲတပ်ဖွဲ့ပိုင်ရေယာဉ်အား အကြမ်းဖက်အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၃ ရက်) ၊ ညနေ (၄)နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်း အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတွံတေးတူးမြောင်း၊ ရေမိုင်(၁၆)မိုင်တွင် ရှိသော ရေကြောင်းကွပ်ကဲမှုအဖွဲ့မှ ရဲတပ်ဖွဲ့ပိုင်ရေယာဉ်တစ်စီးအား အကြမ်းဖက်သမားများလိုက်ပါလာသည့် စက်တပ်ဖိုက်ဘာ လှေ(ရှိုးစီး) (၁)စီးမှ လာရောက်၍ လက်လုပ်ဗုံးဖြင့် သင်္ဘောပေါ်သို့ ပစ်ပေါက်ဖောက်ခွဲခဲ့ကြောင်း သိရသည်။
ထို့သို့ပစ်ပေါက်ဖောက်ခွဲပြီးနောက် သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားပြီး ပစ်ခတ်ခံရမှုကြောင့် သင်္ဘောကိုယ်ထည်သံပြားမှတစ်ဆင့် အလှည့်ကျလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး၏ ယာပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူအား စစ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လာရောက် ပစ်ခတ်သည့် စက်တပ်ဖိုက်ဘာလှေအား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ HONDA FIT ပေါ် ပိမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း