Blackpink မှ အဖွဲ့ဝင် Lisa တရုတ်လူမှုကွန်ရက်မှာ ban ခံရ
ရောင်နီ (NP News) - နိုဝင်ဘာ ၄
တောင်ကိုရီးယား အမျိုးသမီးအဖွဲ့ Blackpink ရဲ့ အမျိုးသမီးအဖွဲ့ဝင် Lisa ဟာ တရုတ်နိုင်ငံ Weibo လူမှုကွန်ရက်ပလက်ဖောင်းရဲ့ ဆင်ဆာဖြတ်တောက် ပိတ်ပင်ခြင်းကိုခံလိုက်ရတယ် လို့ သိရပါတယ်။
အကြောင်းအရင်းကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ပြုလုပ်တဲ့ sexy ဆန်လွန်းတဲ့ Crazy Horse Show ကို ဖျော်ဖြေခဲ့လို့ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ Ponography နဲ့ strip clubs တို့ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်တားမြစ်ထားပါတယ်။ Lisa ကို ပိတ်ပင်ခြင်းအပြင် BlackPink album တွေကိုလည်း Ban မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Weibo ပလပ်ဖောင်းဟာ အဆိုပါ တားမြစ်ချက်တွေအတွက် နောက်ထပ် ဖြေရှင်းချက် မပေးခဲ့ပါဘူး။
Parisian cabaret Crazy Horse မှာ ပြုလုပ်တဲ့ Lisa ရဲ့ burlesque show ကို တက်ရောက်မှုနဲ့ တရုတ်သရုပ်ဆောင် မင်းသမီး Angelababy ရဲ့ Weibo Acc, Douyin, Baidu တွေလည်း Ban ခံရတယ်လို့ သိရပါတယ်။
Lisa ဟာ စက်တင်ဘာလ ၂၈၊ ၂၉၊ ၃၀ ရက်အထိ ၃ ရက်ကြာ ကျင်းပတဲ့ Crazy Horse Paris စင်မြင့်မှာ သူမရဲ့ကောက်ကြောင်းအလှနဲ့ အရင်ကမြင်လေ့မြင်ထမရှိတဲ့ သူမပုံရိပ်ကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ပရိသတ်များတွေကို ပြသခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမှ စင်ကာပူကို အမှိုက်ထုပ်စီးကာ ရေကြောင်းမှ ကူးခတ်ဝင်ရောက်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ