မလေးရှားမှ စင်ကာပူကို အမှိုက်ထုပ်စီးကာ ရေကြောင်းမှ ကူးခတ်ဝင်ရောက်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ
ရောင်နီ (NSS) - နိုဝင်ဘာ ၄
လူဝင်မှုကြီးကြပ်ရေး ရာဇဝတ်မှုနဲ့ စင်ကာပူနိုင်ငံမှ ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ အင်ဒိုနီးရှား အမျိုးသား တစ်ဦးဟာ မလေးရှားနိုင်ငံမှတစ်ဆင့် အမှိုက်ထုပ်ကို ဘောလုံးသဖွယ်ခိုစီးကာ စင်ကာပူနိုင်ငံထဲ ထပ်မံတရားမဝင် ဝင်ရောက်လာခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
မိုဟာမက်အိုဇူလ် အမည်ရှိ အသက် ၃၄ နှစ်အရွယ်၊ စင်ကာပူမှ ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ အမျိုးသားကို ကြာသပတေးနေ့ (နိုဝင်ဘာလ ၂ ရက်) က ထောင်ဒဏ် ၁၅ လနဲ့ ကြိမ်ဒဏ်ခုနစ်ချက် ချမှတ်ခဲ့ပါတယ်။ ၎င်းဟာ ၂၀၂၂ ခုနှစ် မေလကလည်း တရားမဝင် စင်ကာပူကို ဝင်ရောက်ခြင်း၊ passport မပါဘဲ ဝင်ရောက်ခြင်းကြောင့် စင်ကာပူမှ ဝင်ခွင့်တားမြစ်ထားသူ ဖြစ်ပါတယ်။
စင်ကာပူကို တရားဝင် ဝင်ခွင့်မရှိဘဲ ဝင်ရောက်မှုအတွက် ၂၀၂၁ ခုနှစ် သြဂုတ်လက စတင်တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ်၊ ကြိမ်ဒဏ် ခြောက်ချက် ချမှတ်ခံခဲ့ရဖူးပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ ထောင်မှလွတ်လာပြီးနောက် ၂၀၂၂ ခုနှစ် မေလမှာ ဝင်ခွင့်တားမြစ်ခံခဲ့ရပါတယ်။ ၎င်းကို စင်ကာပူနိုင်ငံ ပြန်လာမယ်ဆိုရင် နေထိုင်ခွင့်အတွက် လူဝင်မှုကြီးကြပ်ရေးမှူးထံမှ ခွင့်ပြုချက် ရရှိဖို့ လိုအပ်ကြောင်း၊ ဒါကို ပျက်ကွက်ရင် တရားစွဲခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ တရားရုံးက သတိပေးထားပါတယ်။ အဲဒီနောက် အစ်ဇူလ်ဟာ အဆိုပါသတိပေးချက်ကို အသိအမှတ်ပြု လက်ဗွေနှိပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်မှာ အင်ဒိုနီးရှားကို ပြန်ပို့ခံခဲ့ရပါတယ်။
ဒါပေမယ့် ၎င်းဟာ အချိန် ၇ လလောက်ကြာတဲ့အခါမှာတော့ တရားမဝင်အလုပ်ရရှိဖို့အတွက် စင်ကာပူကို တရားမဝင်နည်းနဲ့သာ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာတန် မှ ကူးတို့သင်္ဘောနဲ့ မလေးရှားနိုင်ငံ ဂျိုဟာဘာရုကို လိုက်ပါခဲ့ပြီး ၎င်းမှ စင်ကာပူနိုင်ငံ၊ ပူလော့ယူဘင် ကျွန်းဆီ အမှိုက်ထုပ်ကို ဘောလုံးသဖွယ်လုပ်ကာ ရေကူးသွားခဲ့ပါတယ်။ ပူလော့ယူဘင် ကို ရောက်ရှိပြီးနောက် အစ်ဇူလ်ဟာ ချန်ဂီကမ်းခြေကို ဆက်လက်ကူးခတ်ခဲ့ပါတယ်။
၎င်းဟာ ယခုနှစ် အောက်တိုဘာလ ၂၃ ရက်အထိ ၁၀ လခန့် စင်ကာပူမှာ တရားမဝင် နေထိုင်ခဲ့ပြီး စင်္ကာပူမှာ တရားဝင်နေထိုင်ကြောင်း အထောက်အထားမပြနိုင်ခြင်းကြောင့် Woodlands Road မှာ ICA အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ် ၂၆၅ ဦးနှင့် USDP ပါတီ၏ အလုပ်သမားရေးရာတာဝန်ခံတွေ့ဆုံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း