နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ကျောင်းများစတင်ပိတ်ထားရဟုဆို
Pika (NSS) - နိုဝင်ဘာ ၃
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆင့် ပိုမိုဆိုးရွားလာခြင်းကြောင့် မူလတန်းကျောင်းများကို နှစ်ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ယခုနှစ်တွင် နယူးဒေလီမြို့ရှိ လေထုအရည်အသွေးသည် ပထမဆုံးအကြိမ်အဖြစ် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါအခြေအနေများကို ပြန်လည်သုံးသပ်ကာ အရေးယူဆောင်ရွက်ရန်အတွက် အရေးပေါ်အစည်းအဝေးပြုလုပ်ရန် နယူးဒေလီမြို့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးက ပြောဆိုခဲ့ကြောင်းသိရသည်။
နယူးဒေလီမြို့သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးမြို့များထဲမှ တစ်မြို့ဖြစ် ကြောင်း သိရသည်။ လယ်သမားများ၏ ကောက်ပဲသီးနှံများကို မီးရှို့ခြင်း၊ လေတိုက်နှုန်းနည်းပါးခြင်းများအပါအဝင် အခြားအကြောင်းအရာအမျိုးမျိုးကြောင့် ယခုဆောင်းရာသီတွင် နယူးဒေလီမြို့၏ လေထုအရည်အသွေးမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပန်ဂျပ်ပြည်နယ် နှင့် ဟာယာနာပြည်နယ်တို့တွင် အမှိုက်မီးရှို့မှုများ ပိုမိုတိုးမြင့်လာမှုနှင့်အတူ နိုဝင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း နယူးဒေလီမြို့၏ လေထုညစ်ညမ်းမှုမှာ အမြင့်ဆုံးသို့ရောက်ရှိနိုင်ကြောင်း နယူးဒေလီလေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ကော်မတီက ပြောကြားခဲ့သည်။ နိုဝင်ဘာလ(၂)ရက် ညနေပိုင်းတွင် နယူးဒေလီမြို့နှင့် အခြားမြို့နယ်များတွင် PM2.5 ပါဝင်မှုနှုန်းသည် တစ်ကုဗမီတာလျှင်(၆၀)မိုက်ခရိုဂရမ်အထိ မြင့်တက်လာခဲ့ကြောင်း အစိုးရ၏ဒေတာအချက်အလက်များအရသိရသည်။
ထို့ပြင် နယူးဒေလီမြို့တော်ရှိ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများအားလုံးကို နိုဝင်ဘာလ (၃)ရက် မှ (၄)ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း နယူးဒေလီဝန်ကြီးချုပ် Arvind Kejriwal က ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပျဉ်းမနားမြို့နယ်၌ ယာခင်းသို့ အလုပ်လုပ်ရန်သွားသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ