ပျဉ်းမနားမြို့နယ်၌ ယာခင်းသို့ အလုပ်လုပ်ရန်သွားသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
NSS - နိုဝင်ဘာ ၃
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် တောင်ယာခင်းသို့ အလုပ်လုပ်ရန်သွားသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (အောက်တိုဘာလ ၃၁ ရက်)၊ နံနက် ၈နာရီ ၄၀မိနစ်အချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မရမ်းတောင်အောက်ကျေးရွာနှင့် ရွှေပြည်အေးကျေးရွာသွားလမ်းဘေးတောစပ်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မရမ်းတောင်အောက်ကျေးရွာတွင်နေထိုင်သည့် ဦးတင်အောင်ဆန်း(ခ)ဦးမောင်ဆန်းသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် ၎င်းနေအိမ်မှ တောင်ယာခင်းသို့ ထွက်ခွာလာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးတင်အောင်ဆန်း(ခ)ဦးမောင်ဆန်း(၅၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာ၌ အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးတင်ရွှေသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၁၅)ဦးက ဆိုင်ကယ်(၆)စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးတင်ရွှေ(၅၅)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာဘီလျံချီ ကူညီပံ့ပိုးပေးဖို့ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း