အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာဘီလျံချီ ကူညီပံ့ပိုးပေးဖို့ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၃
အမေရိကန်အောက်လွှတ်တော်ဟာ အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံနီးပါးကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုပေးခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီပေးနိုင်ဖို့အတွက် အမေရိကန်အောက်လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ၂၂၆ မဲ၊ ကန့်ကွက်မဲ ၁၉၆ မဲ ရှိခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဟာ အောက်တိုဘာလ ၇ ရက်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ အစ္စရေးကို စစ်ရေးအကူအညီတွေပေးဖို့ ကတိပြုထားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်း၊ အစ္စရေး နဲ့ ထိုင်ဝမ်တို့ကို စစ်ရေးအကူအညီပေးဖို့ နဲ့ မက္ကဆီကို နယ်စပ်ဒေသ တံတိုင်းဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံတောင်းဆိုထားကြောင်းသိရပါတယ်။
အမေရိကန်လွှတ်တော်အမတ်တွေဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တောင်းဆိုခဲ့တဲ့ ရန်ပုံငွေကို သီးခြားခေါင်းစဉ်တစ်ခုချင်းစီ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အစ္စရေးကို ပေးမယ့်စစ်ရေးအထောက်အပံ့ကို အောက်လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံခဲ့ကြောင်းသိရပါတယ်။ရီပတ်ဘလီကန်ပါတီ အမတ်တွေထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ယူကရိန်းကို စစ်ရေးအကူအညီပေးမယ့် အစီအစဉ်ကို လိုလားခြင်းမရှိကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ပတ်သက်ပြီး စစ်ရေးအကူအညီများ၊ အကြံဉာဏ်များ နဲ့ နိုင်ငံတကာ စာမျက်နှာမှာ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပေမယ့် အမေရိကန်စစ်သားတွေကို စစ်ပွဲထဲစေလွှတ်မှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေထိုင်ကြောင်းကို သတင်းပို့ရန် မြန်မာသံရုံးမေတ္တာရပ်ခံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း