မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေထိုင်ကြောင်းကို သတင်းပို့ရန် မြန်မာသံရုံးမေတ္တာရပ်ခံ
Pearl (NSS) - နိုဝင်ဘာ ၃
မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို သတင်းပေးပို့ရန် မြန်မာသံရုံးက မေတ္တာရပ်ခံထားသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးက ယနေ့ (နိုဝင်ဘာလ ၃ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးအနေဖြင့် ရေလုပ်သားများကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးနှင့် လူကုန်ကူးခံရသူများအား သက်ဆိုင်ရာနိုင်ငံနှင့်ညှိနှိုင်း၍ နေရပ်သို့ပြန်လည်ပို့ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံသားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်အား ကနဦး ဆောင်ရွက်ရကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ကောင်စစ်ဆိုင်ရာလုပ်ငန်းစဉ်များသည် လချီ၍ ကြာရှည်တတ်သဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် မိမိတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို သတင်းပေးပို့ထားရန် မြန်မာသံရုံးက မေတ္တာရပ်ခံထားသည်။
ထိုသို့ သတင်းပေးပို့ထားပါက ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရာတွင် ကောင်စစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ချိန်၌ အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသားများအား ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတို့ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာသံရုံးကထုတ်ပြန်ထားသည်။
သတင်းပေးပို့လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန၏မေးလ်ဖြစ်သည့် mehanoiconsular@gmail.com သို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MoU လုပ်သားများသက်တမ်းပြည့်ပါက Over- Stay စာရင်းမဝင်စေရန် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း